သင်ခန်းစာ ၉

ပွဲအကြောင်း

တယ်လီဖုန်းအသံ           ကလင် ကလင် ကလင်

အမေ၊၊    ။ တယ်လီဖုန်း လာနေတယ်၊၊ တယောက်ယောက် ကိုင်လိုက်စမ်း၊၊ ငါမအားလို့၊၊

သားး၊၊    ၊၊ ဟုတ်ကဲ့၊၊ ကျွန်တော် ကိုင်လိုက်ပါ့မယ် မေမေ၊၊  (တယ်လီဖုန်း သွားကိုင်) အမိန့်ရှိပါ ခင်ဗျာ၊၊ ဘယ်သူနဲ့စကားပြောချင်ပါသလဲ၊၊

အသံ၊၊    ၊၊ ကြည်ကြည်ရှိပါသလား၊၊

သား၊၊    ၊၊ ဟုတ်ကဲ့၊၊ ခဏကိုင်ထားပါ၊၊ ကျွန်တော် ခေါ်လိုက်ပါ့မယ်၊၊ ကြည်ကြည် ဒီမှာနင့်ဖုန်းလာနေတယ်၊၊

ကြည်ကြည်၊၊    ၊၊ အေးအေး၊၊ ငါလာပြီ၊၊ ကြည်ကြည် တယ်လီဖုံန်းလာကိုင် ဘယ်သူပါလဲ၊၊

အသံ၊၊    ၊၊ ငါပါ၊၊

ကြည်ကြည်၊၊    ၊၊ ဘာ၊၊ ဘယ်သူ၊၊

အသံ၊၊    ၊၊မြမြ လေ၊၊ မမှတ်မိဘူးလား၊၊

ကြည်ကြည်၊၊    ၊၊ နင်မှန်း မသိလို့ပါ၊၊ ကဲ ပြော၊၊

မြမြ၊၊    ၊၊ ဒီနေ့ည ဒို့ ပွဲကြည့် မလို့၊၊ နင် လိုက်မလား၊၊

ကြည်ကြည်၊၊    ၊၊ ဘယ်မှာလဲ၊၊ ဘယ်သူ့ပွဲလဲ၊၊

မြမြ၊၊    ၊၊ ကျိုက်ကဆံမှာ၊၊ ရွှေမန်းသဘင်၊၊

ကြည်ကြည်၊၊    ၊၊ ဖျာ ဝယ်ပြီးပလား၊၊

မြမြ၊၊    ၊၊ ဝယ်ပြီးပြီ၊၊ ဆိုင်းနောက် မနီးမဝေးမှာ ရတယ်၊၊ အဲဒီဇာတ် နင်ကြည့်ဖူးသလား၊၊

ကြည်ကြည်၊၊    ၊၊ ကြည့်ဖူးပါတယ်၊၊ မင်းသားတွေရော မင်းသမီးတွေပါ သိပ်ကောင်းတယ်၊၊ လူပြက်တွေလဲကောင်းတယ်၊၊ ရယ်ရတယ်၊၊

မြမြ၊၊    ၊၊ ဒီည ပြဇာတ် ကောင်းသတဲ့၊၊ ပြဇာတ်ပြီးရင် ငါတော့ အိပ်မှာပါ၊၊ ပြဇာတ်ကလွဲလို့ မကြည့်ချင်ပါဘူး၊၊ ဘယ်လိုလဲ၊၊ နင် လိုက်မလိုက် သိချင်တယ်၊၊

ကြည်ကြည်၊၊    ၊၊ နေဦး အမေ့ကို မေးဦးမယ်၊၊ အမေ မြမြက ဒီည ပွဲကြည့်ဖို့ ခေါ်နေတယ်။ လိုက်ရမလား၊၊

အမေ၊၊    ၊၊ လိုက်ချင်လိုက်သွားလေ၊၊

ကြည်ကြည်၊၊    ၊၊ အမေက လိုက်ချင်လိုက် တဲ့၊၊ ငါလိုက်မယ်၊၊

မြမြ၊၊    ၊၊ အေးအေး၊၊ စောစော ပြင်ထား၊၊ လက်ကိုင်ပုဝါလဲ မမေ့နဲ့၊၊

ကြည်ကြည်၊၊    ၊၊ ဘာဖြစ်လို့လဲ၊၊

မြမြ၊၊    ၊၊ ဇတ်လမ်းက သနားစရာကောင်းရင် နင် ငိုမှာ၊၊ ဒါပဲနော်၊၊ ငါ ဖုန်းချလိုက်တော့မယ်၊၊

ကြည်ကြည်၊၊    ၊၊ ချလိုက်၊ ချလိုက်၊၊ ဒါပဲ၊၊