9.A.

၁။ ကျောင်းသား တစ်ယောက်ယောက် သွားတယ်။ (ယောက်)

၂။ အင်းကျီ တစ်ထည်ထည် ဝယ်တယ်။ (ထည်)

၃။ မုန့် တစ်ခုခု စားမယ်။ (ခု)

၄။ တစ်နေ့နေ့မှာ လာမယ်။ (နေ့)

၅။ တစ်မြို့မြို့မှာနေမယ်။ (မြို့)

 

9.B. 

၁။ သူ ကျောင်းသူမှန်း ကျွန်တော် သိပါတယ်။

၂။ ဒါ စားသောက်ဆိုင်မှန်း သိသလား။

၃။ အခု ခင်ဗျား မြန်မာနိုင်ငံမှာမှန်း မသိဘူးလား။

၄။ ဒီနေ့ တနင်္ဂနွေနေ့မှန်း သိပါတယ်။

၅။ သူ တရုတ်လူမျိုးမှန်း မသိပါဘူး။

 

9.C.

၁။ သူ စားမှန်း ကျွန်တော် သိပါတယ်။

၂။ ကျွန်တော် စားသောက်ဆိုင်မှာ ရှိမှန်း ဆိုတာ သိသလား။

၃။ နက်ဖြန် ခင်ဗျား ကားဝယ်မယ်မှန်း မသိပါဘူး။

၄။ ဒီဟင်း ဒီလောက်ကောင်းမယ်မှန်း မသိပါဘူး။

၅။ ခင်ဗျား နားမလည်မှန်း သိပါတယ်။

 

9.D. 

၁။ သူ ဘယ်သူမှန်း မသိဘူး။

၂။ ဒါ ဘာဆိုတာ မသိပါဘူး။

၃။ ခင်ဗျားအင်းကျီ ဘယ်လောက်မှန်း သိပါတယ်။

၄။ ဘယ်တော့မှန်း ကျွန်တော် မသိသေးပါဘူး။

၅။ ဒီမှာ လူဘယ်နှစ်ယောက်မှန်း သိပါတယ်။

 

9.E.

၁။ သူ ထမင်းစား မလို့။

၂။ နက်ဖြန် ဈေးသွားမလို့။

၃။ ဒီနေ့ ကျွန်တော် သူနဲ့ တွေ့မလို့။

၄။ ကျွန်တော် ပွဲ ကြည့်မလို့။

၅။ ကျွန်တော် ဖုန်းချမလို့။

 

9.F. 

၁။ ဒီနေ့ သူ ဘောင်းဘီရော အင်းကျီရော ဝယ်တယ်။

၂။ ဘီယာရော ဝိုင်ရော သောက်မယ်။

၃။ မန္တလေးရော ရန်ကုန်ရော သွားမယ်။

၄။ မနက်ရော နေ့လယ်မှာရော ကစားတယ်။

၅။ ကျောင်းသူရော ကျောင်းသားရော စာကြည့်တိုက်ကို သွားတယ်။

 

9.G.

၁။ ဒီနေ့ ကျွန်တော် ပွဲကလွဲလို့ ဘယ်မှ မသွားဘူး။

၂။ ခေါက်ဆွဲကလွဲလို့ ဘာမှ မစားဘူး။

၃။ ငါးနာရီမှာကလွဲလို့ ဘယ်တော့မှ မကစားနိုင်ဘူး။

၄။ ခင်ဗျားကိုကလွဲလို့ ဘယ်သူ့ကိုမှ မယုံဘူး။

၅။ နက်ဖြန်ကလွဲလို့ ဘယ်နေ့မှ မအားဘူး။

 

9.H.

၁။ ခင်ဗျား ဝယ်မဝယ် ပြောပါ။

၂။ သူ ကြိုက်မကြိုက် မေးပါ။

၃။ သူ ကျောင်းသား ဟုတ်မဟုတ် မပြောနိုင်ပါဘူး။

၄။ ကျွန်တော် နက်ဖြန် အားမအား မသေချာပါဘူး။

၅။ သူ ဒီနေ့ ရောက်မရောက် သိချင်ပါတယ်။

 

9.I. 

၁။ နက်ဖြန် ကျွန်တော် သွားချင်သွားပါမယ်။

၂။ ဒီနေ့ နေပူချင်ပူမယ်။

၃။ ခင်ဗျား မလုပ်ချင်မလုပ်ပါနဲ့။

၄။ ကျွန်တော် မစားချင်မစားပါဘူး။

၅။ ခင်ဗျား သိချင်သိမယ်။