သင်ခန်းစာ ၈

မန္တလေး

             မန္တလေးက မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံးမြို့ပါ။ မြန်မာပြည် အလယ်ပိုင်းမှာ ရှိပါတယ်။ နောက်ဆုံး မြန်မာဘုရင်ရဲ့ နေပြည်တော်ပါ။ နန်းတော် ဟောင်း နေရာ၊ မြို့ရိုးနဲ့ ကျုံးကို အခုထိ တွေ့နိုင်ပါသေးတယ်။

monastery2.JPG (15525 bytes)

             ကျုံးမြောက်ဘက်မှာ မန္တလေးတောင် ရှိပါတယ်၊၊ တောင်ပေါ်ကိုတက်ပြီး ကြည့်ရင် မန္တလေး တမြို့လုံးကို မြင်နိုင်ပါတယ်။ ဘယ်ဘက်ကို ကြည့်ကြည့် အလွန် ကြည်နူးစရာကောင်းပါတယ်၊၊

             မန္တလေးတဝိုက်မှာ ရှေးက ဘုရားပုထိုးတွေလဲ ရှိပါတယ်၊၊ မဟာမြတ်မုနိ၊ ကျောက်တော်ကြီး စတဲ့ ဘုရားတွေကို သွားပြီးဖူးနိုင်ပါသေးတယ်၊၊ ပြီးတော့ ရှေးဟောင်း အနုပညာလက်ရာတွေလဲ ရှိပါတယ်။ အလွန် စိတ်ဝင်စားစရာ ကောင်းပါတယ်၊၊ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းထားတဲ့ မြို့ပါ၊၊

             ဒါ့ပြင် စီးပွားရေးလုပ်ငန်းတွေလဲ အများကြီး ရှိပါတယ်၊၊ တရုတ်ပြည်က ကုန်တွေလဲ မန္တလေးကို အရင် ရောက်ပါတယ်၊၊ အိန္ဒိယ မြန်မာနယ်စပ်က ကုန်တွေလဲ မန္တလေးကို အရင်ရောက်ပါတယ်၊၊ တရုတ်ပစ္စည်း လိုချင်သလား၊ ဒါမှမဟုတ် အိန္ဒိယပစ္စည်း လိုချင်သလား၊၊ တရုတ်ပစ္စည်းဖြစ်ဖြစ် အိန္ဒိယပစ္စည်းဖြစ်ဖြစ် မန္တလေးမှာ အားလုံးရပါတယ်၊၊ မန္တလေး ဈေးချိုဟာ နာမည်ကြီး ဈေးကြီးတဈေးပါ၊၊

             ဒါကြောင့် အခုအခါမှာ မန္တလေးဟာ အရင်ကထက် ပိုပြီး စည်ကားနေပါတယ်၊၊