8.A. 

၁။ ပျော်စရာကောင်းတယ်။ 

၂။ ပျင်းစရာကောင်းတယ်။   

၃။ သနားစရာကောင်းတယ်။   

၄။ စိတ်ဝင်စားစရာကောင်းတယ်။   

၃။ မုန်းစရာကောင်းတယ်။   

 

8.B. 

၁။ ကျွန်တော် ထမင်းစားမယ်။ ဒါမှမဟုတ် ကော်ဖီ သောက်မယ်။

၂။ မန္တလေးတောင်ကို တက်မယ်။ ဒါမှမဟုတ် မဟာမြတ်မုနိဘုရားကို သွားမယ်။

၃။ သူတို့လာမယ်။ ဒါမှမဟုတ် ကျွန်တော်တို့ သွားမယ်။

၄။ ကျွန်တော် ရေဒီယို နားထောင်မယ်။ ဒါမှမဟုတ် တီဗွီ ကြည့်မယ်။

၅။ အနုပညာပစ္စည်း ဝယ်ချင်သလား။ ဒါမှမဟုတ် ဘုရားဖူးချင်သလား။

 

8.C. 

၁။ သူ ပုဂံသွားတယ်။ မန္တလေး သွားတယ်။

၂။ ကျွန်တော် အိမ်မှာ ရှိမယ်။ ကျောင်းမှာ ရှိမယ်။

၃။ တရုတ်ပစ္စည်း လိုချင်သလား။ အိန္ဒိယပစ္စည်း လိုချင်သလား။

၄။ မဟာမြတ်မုနိဘုရား ဖူးချင်တယ်။ ကျောက်တော်ကြီးဘုရား ဖူးချင်တယ်။

၅။ ဒီနေ့ လုပ်မယ်။ နက်ဖြန် လုပ်မယ်။

 

8.D.

၁။ သူ ထမင်းအပြင် ဘာမှ မစားဘူး။

၂။ တရုတ်ကုန်တွေအပြင် အိန္ဒိယကုန်တွေလဲ ရှိတယ်။

၃။ မြန်မာ့ယဉ်ကျေးမှုအပြင် နိုင်ငံခြားယဉ်ကျေးမှုကိုလဲ စိတ်ဝင်စားတယ်။

၄။ တိရစ္ဆာန်ရုံအပြင် ကရဝိတ်ဟိုတယ် သွားမယ်။

၅။ မြို့ရိုးအပြင် ကျုံးလဲ ကြည့်ချင်တယ်။

 

8.E. 

၁။ သူ ဘာပြောပြော ကျွန်တော် ယုံတယ်။

၂။ ကျွန်တော် ဘာလုပ်လုပ် သူ သိတယ်။

၃။ ခင်ဗျား ဘာမြင်မြင် ကျွန်တော့်ကို ပြောပါ။

၄။ ကျွန်တော် ဘာတွေ့တွေ့ ဒီနေ့ မဝယ်ဘူး။

၅။ ကျွန်တော် ဘာတောင်းတောင်း သူ ပေးတယ်။

 

8.F. 

၁။ ဘာစီးပွားရေးလုပ်ငန်း လုပ်လုပ် ချမ်းသာနိုင်ပါတယ်။

၂။ ကျွန်တော် ဘာအနုပညာပစ္စည်း ဝယ်ဝယ် သူ မဝယ်ဘူး။

၃။ သူ ဘာစားသောက်ဆိုင်သွားသွား ကျွန်တော် လိုက်မယ်။

၄။ ကျွန်တော် ဘာကား မြင်မြင် ကြိုက်တယ်။

၅။ ကျွန်တော် ဘာဖိနပ်ဝယ်ဝယ် ဒီဆိုင်မှာ ဝယ်တယ်။