သင်ခန်းစာ ၇

သူငယ်ချင်းတယောက်ကိုပေးတဲ့စာ

၇၊၁၁၊၉၀

 ရန်ကုန်

သူငယ်ချင်း

            ခင်ဗျားစာကို ရပါတယ်၊၊ "မြန်မာပြည်ကို အလည်လာချင်တယ် " ဆိုလို့ ဝမ်းသာပါတယ်၊၊ မြန်မာပြည်မှာ ဘာကြည့်စရာတွေရှိသလဲ။ ဆိုတဲ့ မေးခွန်း နဲ့ပတ်သက်လို့ ဒီစာမှာ နည်းနည်းပါးပါး ဖြေပါမယ်၊၊

                ရန်ကုန်ရောက်ရောက်ချင်း သတိထား မိမှာကတော့ ရွှေတိဂုံဘုရားပါ၊၊ အဝေးက မြင်နိုင်ပါတယ်၊၊ ရွှေရောင်တွေ ဝင်းနေပါတယ်၊၊ နောက်ပြီးတော့ ရွှေတိဂုံဘုရားနားမှာပဲ တခြား ကြည့်စရာတွေ ရှိပါသေးတယ်၊၊ သဘာဝသမိုင်းပြတိုက်တို့ တိရစ္ဆာန်ရုံတို့ ကရဝိတ်ဟိုတယ်တို့ပေါ့၊၊

                ခရီးသည်တွေ စိတ်အဝင်စားဆုံးက ပုဂံမြို့ပါ၊၊ ရန်ကုန်က မိုင်လေးရာကျော် ဝေးပါတယ်၊၊ လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးရာလောက်က မြို့တော်ပါ၊၊ ဘယ်နေရာမဆိုကြည့်လိုက်ရင် ဘုရားပုထိုးတွေ တွေ့ရပါမယ်၊၊ ငလျင်ကြောင့် တချို့ပြိုပျက်သွားပေမယ့် အများကြီး ကျန်ပါသေးတယ်၊၊ တချို့ကိုပြန်ပြင် ပြီးပါပြီ၊၊ ဧရာဝတီမြစ်ကမ်းဘေးမှာရှိလို့ သာလဲသာယာပါတယ်၊၊

                တခြားနေရာတွေလဲ အများကြီး ရှိပါသေးတယ်၊၊ အဲဒီနေရာတွေကိုတော့ ခင်ဗျားရောက်တဲ့အခါ သွားတာပေါ့၊၊ နေရာစုံရောက်အောင် ကျွန်တော် လိုက်ပို့ပါ့မယ်၊၊ ဆောင်းရာသီမှာ လာနိုင်ရင် အကောင်းဆုံးပါပဲ၊၊

                မလာခင် ကြိုတင်စာရေးပါ၊၊

                ကျန်းမာပါစေ၊ချမ်းသာပါစေ၊၊

                                                                                                                                                           ခင်မင်လျက်

တင်ထွန်း