7.A.

၁။ သူ နေကောင်းတယ်ဆိုလို့ ကျွန်တော် ပျော်ပါတယ်။

၂။ သူ နေမကောင်းဘူးဆိုလို့ သူ့အိမ်ကို ကျွန်တော်သွားပါတယ်။

၃။ ကြည့်စရာတွေရှိတယ်ဆိုလို့ အဲဒီနိုင်ငံကို သွားချင်ပါတယ်။

၄။ ခင်ဗျား ဆရာဆိုလို့ ကျွန်တော် မေးချင်ပါတယ်။

၅။ မြန်မာနိုင်ငံ သာယာတယ်ဆိုလို့ ခရီးသည်တွေ လာတယ်။

 

 

7.B. 

၁။ မြန်မာဘုရားပုထိုးတွေနဲ့ပတ်သက်လို့ ကျွန်တော် မေးချင်ပါတယ်။

၂။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လောက်နားလည်သလဲ။

၃။ နိုင်ငံရေးနဲ့ပတ်သက်လို့ ကြားချင်ပါတယ်။

၄။ ပုဂံမြို့နဲ့ပတ်သက်လို့ ခရီးသည်တွေ စိတ်ဝင်စားပါတယ်။

၅။ တရုတ်ပြည်နဲ့ပတ်သက်လို့ သတင်းစာမှာ ဖတ်ပါတယ်။

 

 

7.C.

၁။ ခင်ဗျား ပြောပြောချင်း ကျွန်တော် နားလည်တယ်။

၂။ သူ လာလာချင်း ကျွန်တော်တို့ သွားမယ်။

၃။ ကျွန်တော် ရန်ကုန်ရောက်ရောက်ချင်း ခင်ဗျားကို တွေ့မယ်။

၄။ ခင်ဗျား သိသိချင်း ကျွန်တော့်ကို ပြောပါ။

၅။ ရွှေတိဂုံဘုရားကို မြင်မြင်ချင်း ခရီးသည်တွေ ပျော်ပါတယ်။

 

 

7.D.

၁။ သူ ပြန်ရေးမယ်။

၂။ ဒီရုပ်ရှင် ပြန်ကြည့်မယ်။

၃။ ကျွန်တော် ပြန်လာမယ်။

၄။ သူ အခု ပြန်ထိုင်တယ်။

၅။ ပြန်မမေးပါနဲ့။

 

 

7.E.

၁။ မနေ့က ခင်ဗျားကို ဈေးနားမှာ တွေ့မိတယ်။

၂။ ကရဝိတ်ဟိုတယ် တွေ့မိတယ်။

၃။ ညက ခင်ဗျား ဘီယာ သောက်မိသလား။

၄။ တိရစ္ဆာန်ရုံကို မရောက်မိဘူး။

၅။ ကျွန်တော် ရေဒီယို နားမထောင်မိဘူး။

 

 

7.F.

၁။ ဒီနေ့ သတင်းစုံ ကြားရတယ်။

၂။ ပုဂံကို ရောက်ရင် ဘုရားစုံ သွားပါ။

၃။ မြန်မာနိုင်ငံမှာ မြို့စုံ မရောက်ဖူးပါဘူး။

၄။ ဒီကျောင်းမှာ နိုင်ငံစုံ ကျောင်းသားရှိပါတယ်။

၅။ သူ့မှာ ဘောပင်စုံ ရှိသလား။

 

 

7.G. 

၁။ ခင်ဗျား မပြောခင် ကျွန်တော် နည်းနည်းပါးပါး နားလည်တယ်။

၂။ ကျွန်တော် မမေးခင် မဖြေပါနဲ့။

၃။ ကျွန်တော်တို့ ရန်ကုန် မရောက်ခင် ပဲခူး ရောက်မယ်။

၄။ ကျွန်တော် မမေ့ခင် ခင်ဗျားကို ပြောမယ်။

၅။ ငလျင်ကြောင့် မပြိုခင် ပုဂံမှာ ဘုရားပုထိုး ပိုများတယ်။

 

7.H. 

၁။ ဒီ ကြော်ငြာ ဘယ်မြို့မှာမဆို ရှိပါတယ်။

၂။ ဒီဟင်း ဘယ်စားသောက်ဆိုင်မှာမဆို ရနိုင်ပါတယ်။

၃။ ဘယ်ရာသီမှာမဆို ဒီမြို့ သာယာပါတယ်။

၄။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတိုင်း ပျော်ပါတယ်။

၅။ ဘယ်ဆေးရုံမှာမဆို ဆရာဝန် ရှိပါတယ်။