သင်ခန်းစာ ၅

မင်းရာဇာ ၁

              ရှေးတုန်းက ဝန်ဇင်းရွာမှာ လူငယ်တယောက် ရှိတယ်၊၊ သူ့နာမည်က ငညိုတဲ့၊၊ ငယ်ငယ်ကတည်းက ငညိုဟာ အမြဲ စာဖတ်တယ်တဲ့၊၊ အလုပ် လုပ်ရင်းလဲ ဖတ်တယ်၊၊ အနားယူရင်းလဲ ဖတ်တယ်၊၊ တွေ့သမျှ စာအမျိုးမျိုး ဖတ်တယ်တဲ့၊၊ အဲဒီလို စာဖတ်လို့ သူ့ကို "စာတိုငညို" လို့ ခေါ် ကြတယ်၊၊ ရွာသူရွာသားတွေ မသိတာရှိတဲ့အခါ သူ့ကို မေးကြရသတဲ့၊၊

            ငညို့ရည်းစားက သူကြီးသမီး တဲ့၊၊ သူကြီးက ငညိုကို အထင်မကြီးပါဘူး၊၊ ငညိုဟာ တခြားရွာသားတွေလုပ်သလို အလုပ်ကြမ်းလဲ မလုပ်ဘူး၊၊ မင်းမှုထမ်းလဲ မဟုတ်ဘူး၊၊ ဒါကြောင့် သူ့သမီးနဲ သဘောမတူဘူးတဲ့၊၊ ဒါပေမယ့် သမီးက ငညိုကို သိပ်ချစ်လို့လက်ထပ်ပေးလိုက်သတဲ့၊၊

            အိမ်ထောင်ကျပေမယ့် ငညိုကတော့ အရင်ကလို စာ အမြဲဖတ်နေသတဲ့၊၊

            တစ်နေ့တော့ ဘုရင်ကြီးတပါး ဝန်ဇင်းရွာကို ရောက်လာတယ်၊၊ ရွာနားက ကန်ဘောင်မှာ နတ်ကွန်းတခု တွေ့သတဲ့၊၊ ဘုရင်ကြီးက အဲဒီနတ်ကွန်းသမိုင်း မေးတဲ့အခါ ရွာသားတွေ ဘယ်သူမှ မဖြေနိုင်ဘူးတဲ့၊၊ ငညိုသိသလောက် ဘယ်သူမှ မသိကြပါဘူး၊၊ ဒါကြောင့်  ငညိုသိပါလိမ့်မယ် လို့လျှောက်ကြသတဲ့၊၊