4.A.

၁။ တနင်္ဂနွေနေ့ကတည်းက သူ့ကို ကျွန်မ တွေ့တယ်။

၂။ မနက်ကတည်းက ကျွန်တော် ကြေးမုံသတင်းစာ ဖတ်တယ်။

၃။ နေ့လယ်ကတည်းက ကျွန်မ ကစားတယ်။

၄။ ၁၉၉၉ခုကတည်းက ဒီတက္ကသိုလ်ကို ရောက်ပါတယ်။

၅။ ၁၉၉၇ကတည်းက မြန်မာပြည်မှာ နေပါတယ်။

 

 

4.B.

၁။ တနင်္ဂနွေနေ့ကစပြီး သူ နေကောင်းတယ်။

၂။ ၁၈၄၀ကစပြီး မြန်မာသတင်းစာ ထုတ်ပါတယ်။

၃။ ဒီနေ့ကစပြီး ကျွန်တော် ဘာသာရေးသတင်း ဖတ်မယ်။

၄။ ၁၉၉၉ခုကကစပြီး ဒီတက္ကသိုလ်ကို ရောက်ပါတယ်။

၅။ ၁၉၉၇ကစပြီး မြန်မာပြည်မှာ နေပါတယ်။

 

 

4.C. 

၁။ တနင်္လာနေ့အထိ ကျွန်တော် မေမြို့မှာ ရှိပါတယ်။

၂။ မနက် ၁၀နာရီအထိ ကျွန်တော် ကြော်ငြာ ဖတ်ပါတယ်။

၃။ ဒီနေ့အထိ အရေးကြီးတဲ့သတင်း အမျိုးမျိုး ပါပါတယ်။

၄။ ၁၉၉၉အထိ ဒီတက္ကသိုလ်မှာ သင်ပါတယ်။

၅။ ၁၉၉၇အထိ မြန်မာနိုင်ငံမှာ နေပါတယ်။

 

 

4.D. 

၁။ သူ့ကို မြင်ကတည်းက ကျွန်တော် ကြိုက်တယ်။

၂။ ဒီစာအုပ်ကို တွေ့ကတည်းက ကျွန်မ ဖတ်ချင်တယ်။

၃။ ဒီမြို့ကို ရောက်ကတည်းက သူ ပျော်တယ်။

၄။ သတင်းစာထုတ်ကတည်းက သတင်းတွေ စုံပါတယ်။

၅။ စီးပွားရေးသတင်းတွေ ဖတ်ကတည်းက မြန်မာနိုင်ငံသွားချင်တယ်။

 

 

4.E. 

၁။ သူတောင် သိတယ်။

၂။ ကျွန်တော်တောင် နားလည်တယ်။

၃။ ဒီနေ့ သတင်းစာ ငါးမျိုးတောင်ဖတ်တယ်။

၄။ နိုင်ငံရေးသတင်းတောင် မပါပါဘူး။

၅။ ငါးဒေါ်လာတောင် ပေးရတယ်။

 

 

4.F. 

၁။ သူသန့်ရှင်းအောင် ရေချိုးတယ်။

၂။ ကျွန်တော် ပညာရေးနားလည်အောင် အယ်ဒီတာ့အာဘော် ဖတ်တယ်။

၃။ သူ ဝ အောင် ထမင်းအများကြီးစားတယ်။

၄။ ကျွန်တော် မမေ့အောင် မှတ်စုမှတ်တမ်းတွေ ခနခန ဖတ်တယ်။

၅။ သူ ချမ်းသာအောင် အလုပ်လုပ်တယ်။