သင်ခန်းစာ

သင်္ကြန် ၂

    ညမှာတော့ ရေမပက်ကြပါဘူး၊၊ လမ်းဘေးမှာစင်တွေ ဆောက်ပြီး အဲဒီစင်တွေပေါ်မှာ ကကြပါတယ်၊၊ အလှပြကားတွေက စင်ရှိတဲ့နေရာကို လာကြပါတယ်၊၊ ကားပေါ်မှာလဲ အကအဖွဲ့တွေ ပါပါတယ်၊၊ ကားတွေကို စင်ရှေ့မှာ ရပ်ပြီး ကပြကြပါတယ်၊၊ စင်ပေါ်မှာရှိတဲ့ အဖွဲ့ကလဲ ကပြ ဧည့်ခံပါတယ်။ စင်ရှေ့မှာ ကားတစ်ီးနဲ့တစ်စီး အလှပြိုင်ကြပါတယ်၊၊ အကပြိုင်ကြပါတယ်၊၊ အလှဆုံး အကအကောင်းဆုံး ကားတွေကို ပေးပါတယ်။

   တောရွာသင်္ကြန်ကတော့ ဒီလို မဟုတ်ပါဘူး၊၊ သင်္ကြန်ရက်တွေမှာ လူငယ်တွေက ရွာထဲမှာရှိတဲ့ လူကြီးသူမတွေကို ကန်တောကြပါတယ်၊၊ ခေါင်းလျှောပေးကြပါတယ်၊၊ ဘုန်းကြီးကျောင်းတွေကို သွားပြီး ရေလှူကြပါတယ်၊၊ ဘုရားပုထိုးတွေကို ရေသပ္ပာယကြပါတယ်၊၊ လူကြီးတွေက ဥပုသ်စောင့် ပြီး ဘုန်းကြီးကျောင်းတွေမှာ တစ်နေ့လုံး နေကြပါတယ်။

   နှစ်သစ်ကို မြန်မာတွေ ဒီလို ကြိုကြပါတယ်၊၊