သင်ခန်းစာ ၂

သင်္ကြန်

    သင်္ကြန်ဆိုတာ မြန်မာနိုင်ငံရဲ့ ပွဲတော်တစ်ခုပါ။ မြန်မာနှစ်သစ်ကူးပွဲလို့လဲ ဆိုနိုင်ပါတယ်။ နှစ်စဉ် ဧပြီလ ၁၃ရက်လောက်မှာ စတတ်ပါတယ်။ တစ်ပြည်လုံးမှာ သုံး လေးရက် ကျင်းပပါတယ်။ အဲဒီ သင်္ကြန်ရက်တွေပြီး နောက်တစ်ရက်ဟာ မြန်မာနှစ်ဆန်းတစ်ရက်ပါပဲ။

    သင်္ကြန်အခါမှာ တိုင်းရင်းသားအားလုံး အခါတိုင်းထက် ိုပျော်ကြပါတယ်။ တစ်ယောက်ကိုတစ်ယောက် ရေပက် ကစားကြပါတယ်။ တချို့ကတော့ အသင်းဖွဲ့ပြီး ကားကြီးကားငယ်တွေနဲ့ လှည့်ကြပါတယ်။ မြို့တိုင်း လမ်းတွေပေါ်မှာ ရေကစားနေတာ တွေ့နိုင်ပါတယ်။