16.A. 

၁။ အမျိုးသားနေ့မှာ အခမ်းအနားတွေ ကျင်းပမယ်။

၂။ အင်္ဂလိပ်တွေလက်အောက်မှာ မြန်မာတွေ မပျော်ဘူး။

၃။ အမျိုးသားကျောင်းတွေမှာ ကျွန်တော်တို့ အမျိုးသားစာပေ လေ့လာကြပါတယ်။

၄။ အစိုးရက ရန်ကုန်တက္ကသိုလ်မှာ ဥပဒေတွေ ထုတ်ထားပါတယ်။

၅။ နယ်ကျောင်းတွေမှာ ကျောင်းသားတွေ သပိတ်မှောက်ကြပါတယ်။

 

16.B. 

၁။ ၁၉၂၀ပြည့်နှစ်ကစပြီး ရန်ကုန်တက္ကသိုလ် ဖွင့်တယ်။

၂။ ၁၈၈၅ခုနှစ်ကစပြီး မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်ကို ရောက်တယ်။

၃။ အဲဒီအချိန်ကစပြီး အင်္ဂလိပ်တွေက မြန်မာတွေကို ဖိနှိပ်ချုပ်ချယ်တယ်။

၄။ စနေနေ့ကစပြီး စာကြည့်တိုက်မှာ စာဖတ်မယ်။

၅။ ည၁၀နာရီကစပြီး အမျိုးသားနေ့အခမ်းအနား ကျင်းပမယ်။

 

16.C. 

၁။ မြန်မာအမျိုးသားတွေ လွတ်လပ်ချင်ပါတယ်။

၂။ အင်္ဂလိပ်ကို မြန်မာတွေက ဆန္ဒပြချင်ကြပါတယ်။

၃။ ကျောင်းသူကျောင်းသားတွေက ဟောပြောပွဲ လုပ်ချင်ကြပါတယ်။

၄။ ကျွန်တော်တို့ သပိတ်မမှောက်ချင်ဘူး။

၅။ ကျွန်တော် ဘယ်လိုမှ မပြောချင်ဘူး။

 

16.D. 

၁။ ဆရာက ကျွန်တော့်ကို စာဖတ်ခိုင်းတယ်။

၂။ တက္ကသိုလ်ကျောင်းသားတွေက ကျွန်တော့်ကို ဦးဆောင်ခိုင်းတယ်။

၃။ အဖေက သားကို စာရေးခိုင်းတယ်။

၄။ ကျွန်တော်တို့ကို အစိုးရက အဲဒီအခမ်းအနား ကျင်းပခိုင်းတယ်။

၅။ ကျွန်မကို အကိုက တက္ကသိုလ်ကို သွားခိုင်းတယ်။

 

16.E. 

၁။ မျိုးချစ်စိတ်ဓာတ်ရှင်သန်အောင် ထာဝစဉ် ကြိုးပမ်းရမှာပါ။

၂။ ကျောင်းသားတွေက လွတ်လပ်ရေးကို တောင်းဆိုရမှာပါ။

၃။ အဲဒီနေ့ကို အမျိုးသားနေ့လို့ သတ်မှတ်မှာပါ။

၄။ အမျိုးသားနေ့ကို ထာဝစဉ် ကျင်းပမှာပါ။

၅။ မြန်မာနိုင်ငံမှာ တက္ကသိုလ်တွေ တည်ထောင်မှာပါ။