သင်ခန်းစာ ၁၂

ကျန်စစ်သား

        ပုဂံခေတ် အနော်ရထာမင်းလက်ထက်တွင် ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်နှင့် ညောင်ဦးဖီးဟူသော သူရဲကောင်းလေးဦး ပေါ်ထွန်းခဲ့၏၊၊ ထိုသူရဲကောင်းတို့အနက် ကျန်စစ်သားသည် အထူး ထင်ရှားသူဖြစ်သည်၊၊

        ကျန်စစ်သားသည် နောင်တော်စောလူးမင်းထံ အမှုထမ်းနေစဉ် စောလူးမင်းကို ရန်သူများကဖမ်းသွား၏၊၊ မှူးမတ်များက ကျန်စစ်သားကို မင်းပြုရန် တိုက်တွန်းကြသည်၊၊ သို့သော် ကျန်စစ်သားကလက်မခံချေ၊၊ စောလူးမင်းကို ရန်သူများလက်မှကယ်ရန် ကြိုးစားသည်၊၊ ကျန်စစ်သား၏ သစ္စာရှိပုံကို မြန်မာ့သမိုင်းတွင် မှတ်တမ်းတင်ကြရသည်၊၊

        ကျန်စစ်သားမင်းဖြစ်သောအခါ နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်ခဲ့၏၊၊ တိုင်းသူပြည်သားများအား ညာလက်ဖြင့် စားသောက်ဖွယ်ရာများပေးမည်၊၊ ဗယ်လက်ဖြင့် အဝတ်အစားများပေးမည်ဟု မိန့်ခဲ့ဖူးသည်၊၊

        ကျန်စစ်သားမင်းသည် နိုင်ငံတော်စည်းလုံးညီညွတ်အောင် ဆောင်ရွက်ခဲ့၏၊၊ မွန်မြန်မာ စည်းလုံးရေးအတွက် မွန်မြန်မာသွေးပါသော မြေးတော်အလောင်းစည်သူကို နန်းအပ်ခဲ့သည်၊၊

        ပုဂံမြို့၌ ကျန်စစ်သားမင်းတည်ခဲ့သော အာနန္ဒာဘုရားကို ယခုတိုင် ဖူးမြင်နိုင်ပါသည်၊၊