12.A. 

၁။ ကျွန်တော် သွားမယ်။

၂။ သူ မေးတယ်။

၃။ ကျွန်တော် မသိဘူး။

၄။ ခင်ဗျား နားလည်တယ်။

၅။ ကျွန်တော် ထမင်း စားမယ်။

 

12.B. 

၁။ သူ ထင်ရှားမယ်။

၂။ ခင်ဗျား မသိဘူး။

၃။ ကျွန်တော် သစ္စာရှိမယ်။

၄။ ကျောင်းသား စာဖတ်တယ်။

၅။ ရန်သူ စောလူးမင်းကို ဖမ်းတယ်။

 

12.C. 

၁။ ကျွန်တော် မန္တလေးမြို့က လာတယ်။

၂။ ကျွန်တော် ဦးဘမောင်ဆီမှာ အလုပ်လုပ်တယ်။

၃။ နက်ဖြန် သူ ကားနဲ့လာမယ်။

၄။ ရန်ကုန်က မန္တလေးကို မိုင်လေးရာကျော် ဝေးတယ်။

၅။ ကျွန်တော် မန္တလေးမှာ အမှုထမ်းတယ်။

၆။ သူရဲကောင်းတွေထဲမှာ ကျန်စစ်သား အထင်ရှားဆုံးပါ။

၇။ ကျွန်တော်ဆီမှာ ခင်ဗျားဖိနပ် မရှိဘူး။

၈။ ပုဂံမှာ အာနန္ဒာဘုရား ရှိတယ်။

 

 

12.D. 

၁။ ကျန်စစ်သားရဲ့နန်းကို အလောင်းစည်သူ ရပါတယ်။

၂။ ကျွန်တော့် ကား ဘယ်မှာလဲ။

၃။ မောင်မောင့် အမေကို ကျွန်တော့် တွေ့ဖူးပါတယ်

၄။ တောင်ကြီးမြို့ညနေ လှပါတယ်။

၅။ သူ့စကားကို မယုံနိုင်ဘူး။

 

12.E. 

၁။ ပုဂံမြို့မှာ သူရဲကောင်းတွေ ရှိတယ်။

၂။ ငလုံးလက်ဖယ်နဲ့ညောင်ဦးဖီးဟာ မြန်မာတိုင်းရင်းသားတွေပါ။

၃။ မှူးမတ်တွေ ပြည်သူပြည်သားတွေကို ပြောမယ်။

၄။ ရန်သူတွေ စောလူးမင်းကို ဖမ်းတယ်။

၅။ မြန်မာနိုင်ငံတိုင်းရင်းသားတွေ ညီညွတ်ပြီ။

 

12.F. 

၁။ ကျန်စစ်သား နာမည်ကြီးတဲ့ မင်းပါ။

၂။ ပုဂံမြို့ မြန်မာနိုင်ငံမှာ ရှိတဲ့ မြို့ပါ။

၃။ သစ္စာရှိတဲ့ ကျန်စစ်သားကို မှူးမတ်တွေက အထင်ကြီးတယ်။

၄။ မွန်မြန်မာသွေးပါတဲ့ မြေးတော်ကို ကျန်စစ်သား ချစ်တယ်။

၅။ ကျန်စစ်သား မင်းဖြစ်တဲ့အခါ ပုဂံပြည် စည်ကားတယ်။

 

12.G.

၁။ ညောင်ဦးဖီးဆိုတဲ့ သူရဲကောင်း ပုဂံမြို့မှာ နေပါတယ်။

၂။ အလောင်းစည်သူဆိုတဲ့ မြေးတော်ကို ကျန်စစ်သားက နန်းပေးပါတယ်။

၃။ ဂျပန်ဆိုတဲ့ နိုင်ငံ အာရှမှာ ရှိပါတယ်။

၄။ ပုဂံမှာ ကျန်စစ်သားဆိုတဲ့မင်း ထင်ရှားတယ်။

၅။ ဦးမောင်မောင်ဆိုတဲ့ ခေါင်းဆောင် အခု လာမယ်။

 

12.H. 

၁။ ကျွန်တော် အဲဒီနိုင်ငံမှာနေဖို့ စိတ်ကူးပါတယ်။

၂။ အိမ်ဝယ်ဖို့ မန္တလေးကို သွားပါမယ်။

၃။ ရန်သူတွေလက်က ကယ်ဖို့ ကျန်စစ်သား ကြိုးစားတယ်။

၄။ အဝတ်အစားတွေပေးဖို့ သူ့အိမ်ကို သွားမယ်။

၅။ ရန်ကုန်ကို လာဖို့ သူ့ကို ကျွန်တော် တိုက်တွန်းမယ်။

 

12.I. 

၁။ ကားမောင်းနေတုန်း မအိပ်ရဘူး။

၂။ ပုဂံမြို့မှာ ကျန်စစ်သား မင်းပြုတုန်း နိုင်ငံသာယာတယ်။

၃။ စောလူးမင်းကို ရန်သူတွေ ဖမ်းထားတုန်း ကျန်စစ်သား ဘုရားကို သွားတယ်။

၄။ အဲဒီအိမ်မှာအိပ်နေတုန်း ကျွန်တော် ပျော်ပါတယ်။

၅။ အာနန္ဒာဘုရားကို ဖူးနေတုန်း ကျန်စစ်သားမင်းကို ကျေးဇူးတင်ပါသည်။