kaya.gif (8941 bytes)

kachin.gif (6976 bytes)

chin.gif (9127 bytes)

kayin.gif (7272 bytes)

 

သင်ခန်းစာ ၁

ပြည်ထောင်စု မြန်မာနိုင်ငံ

    မြေပုံကို ကြည့်ပါ။ မြန်မာနိုင်ငံကို တွေ့ပါလိမ့်မယ်။ ပြည်ထောင်စု မြန်မာနိုင်ငံလို့ ခေါ်ပါတယ်။ ဘာဖြစ်လို့ အဲဒီလို ခေါ်သလဲ။ သိပါသလား။ ပြည်နယ်နဲ့ တိုင်းတွေ စုနေလို့ ပြည်ထောင်စု ခေါ်တာပါ။

    ကယား ကရင် ကချင် ချင်း မွန် ရခိုင် ရှမ်း ပြည်နယ်တွေကို တွေ့နိုင်ပါတယ်။ ကယား ကရင် စတဲ့ တိုင်းရင်းသားတွေဟာ အဲဒီ ပြည်နယ်တွေမှာ နေပါတယ်။ ပြီးတော့ စစ်ကိုင်း တနင်္သာရီ ပဲခူး မကွေး မန္တလေး ရန်ကုန်တိုင်း ဧရာဝတီတိုင်းတွေကိုလဲ တွေ့နိုင်ပါတယ်။ ဒီတိုင်းတွေမှာတော့ များသောအားဖြင့် ဗမာတိုင်းရင်းသားတွေ နေပါတယ်။ တခြားတိုင်းရင်းသားတွေလဲ နေပါတယ်။

    ဒီလို ပြည်နယ်နဲ့တိုင်းတွေ ခွဲထားပေမယ့် မြန်မာတိုင်းရင်းသားအားလုံး ဆင်းရဲလဲ အတူတူ ချမ်းသာလဲ အတူတူ နေကြပါတယ်။

 

mon.gif (8609 bytes)

yakhine.gif (8592 bytes)

shan.gif (9164 bytes)

bama.gif (8832 bytes)