1. A. 

၁။ ဘောပင် ခဲတံ စတဲ့  ရေးစရာ 

၂။ ထမင်းခေါက်ဆွဲ စတဲ့ စားစရာ 

၃။ ကော်ဖီ ကိုကာကိုလာ စတဲ့ သောက်စရာ

၄။ ဘောင်းဘီ အင်္ကျီ စတဲ့  ဝတ်စရာ 

၅။ အင်္ဂလိပ်စာအုပ် ဗမာစာအုပ် စတဲ့ ဖတ်စရာ

 

1. B.

၁။ မောပေမယ့် ပျော်တယ်။

၂။ ဖတ်ပေမယ့် နားမလည်ဘူး။

၃။ ဝယ်ချင်ပေမယ့် ပိုက်ဆံ မရှိဘူး။

၄။ မကောင်းပေမယ့် ကြိုက်တယ်။

၅။ ပေးပေမယ့် မယူဘူး။

1. C.

၁။ မကွေးကို ရောက်ဖူးတယ်။ စစ်ကိုင်းကိုလဲရောက်ဖူးတယ်။

၂။ ကျွန်တော် ထမင်းစားတယ်။ ကြက်သားဟင်းလဲစားတယ်။

၃။ ကရင်လူမျိုး ကရင်ပြည်နယ်မှာ ရှိတယ်။ ရှမ်းပြည်နယ်မှာလဲ ရှိတယ်။

၄။ ဒီနေ့ ပူတယ်။ မနေ့ကလဲ ပူတယ်။

၅။ ကျွန်တော် ကချင်ပြည်နယ်မှာ ပျော်တယ်။ မွန်ပြည်နယ်မှာလဲ ပျော်တယ်။

1. D. 

၁။ ကျွန်တော်တို့ ပျော်လဲပျော်တယ်။ မောလဲမောတယ်။

၂။ သူ ရေးလဲရေးတယ်။ ဖတ်လဲဖတ်တယ်။

၃။ ကျွန်တော် ပေးလဲပေးမယ်။ ယူလဲယူမယ်။

၄။ တိုင်းရင်းသားတွေ စားလဲစားတယ်။ သောက်လဲသောက်တယ်။

၅။ ကျွန်တော် မသွားလဲမသွားဘူး။ မမေးလဲမမေးဘူး။

1. E .

၁။ သူ ချင်းပြည်နယ်မှာ နေပေမယ့် ချင်းတိုင်းရင်းသား မဟုတ်ဘူး။

၂။ ကယားပြည်နယ်ကို ရောက်ဖူးပေမယ့် ကယားစကား မပြောတတ်ဘူး။

၃။ ဗမာစကားကောင်းကောင်း ပြောတတ်ပေမယ့် ဗမာလူမျိုး မဟုတ်ဘူး။

၄။ ပြည်နယ်နဲ့ တိုင်းတွေ ခွဲထားပေမယ့် တိုင်းရင်းသားတွေ အတူတူ နေတယ်။

၅။ သူ ပြောပေမယ့် ကျွန်တော် မယုံဘူး။