Lesson 22

သင်ခန်းစာ ၂၂

REVIEW 2

ကျွန်တော့်အိမ် ၂

wpe1.jpg (48184 bytes)

ကျွန်တော့်အိမ် ဧည့်ခန်းမှာ ကုလားထိုင်တွေ ရှိပါတယ်။

ဘုရားစင်လဲ အဲဒီမှာပါ။

ကျွန်တော့်အိမ်မှာ အိပ်ခန်းသုံးခန်းရှိပါတယ်။

တစ်ခန်းမှာ ကျွန်တော်တို့လင်မယား အိပ်ပါတယ်။

တစ်ခန်းမှာ ကျွန်တော့်သား အိပ်ပါတယ်။

တစ်ခန်းကတော့ ဧည့်သည်တွေအတွက်ပါ။

ခင်ဗျားလည်း ကျွန်တော့်အိမ်မှာ တည်းနိုင်ပါတယ်။

အိမ်နောက်ဘက်မှာ မီးဖိုချောင် ရှိပါတယ်။

ကျွန်တော့်ဇနီးက ထမင်း ဟင်း ကောင်းကောင်းချက်တတ်ပါတယ်။

ကျွန်တော် ကြွားတာ မဟုတ်ပါဘူး။

ခင်ဗျား စားကြည့်တဲ့အခါ သိပါလိမ့်မယ်။