Lesson 21

သင်ခန်းစာ ၂၁

REVIEW 1

ကျွန်တော့်အိမ် ၁

wpe1.jpg (55901 bytes)

 

ကျွန်တော့်နာမည် စံမြပါ။

ကျွန်တော် ကမာရွတ်မြို့နယ်မှာ နေပါတယ်။

ကျွန်တော့်အိမ် ရန်ကုန်တက္ကသိုလ်နဲ့ နီးပါတယ်။

လှည်းတန်းဈေး ကားမှတ်တိုင်နဲ့ ကျွန်တော့်အိမ် သိပ်မဝေးပါဘူး။

ကားမှတ်တိုင်က ကျွန်တော့်အိမ်ကို ဆယ်မိနစ်လောက် လမ်းလျှောက်ရပါမယ်။

ကျွန်တော့်အိမ်ကို လာမလား။

ကမာရွတ်ဈေးအရှေ့ဘက်လမ်းက လာပါ။

ဒုတိယလမ်းမှာ ဗယ်ဘက်ကို ချိုးပါ။

တတိယအိမ်ဟာ ကျွန်တော့်အိမ်ပါ။

ကျွန်တော်က အပေါ်ထပ်မှာ နေပါတယ်။

အောက်ထပ်မှာ ကျောင်းဆရာတစ်ယောက် နေပါတယ်။