ပန်းသာမစာအုနှင့် ကိုဒေဝ(သို့မဟုတ်)သူမနှင့် ကျွန်တော်

ယဉ်ယဉ်နု(မန္တလေး)ရေးတယ်

ကျော်သူ()ပက်ထရစ်အေမက်ကောမ်မစ်

ဘာသာပြန်တယ်

"Ma Sa-Oo From Pantha and Me" (or) "Her and Me"

Written by Yin Yin Nu (Mandalay)

Translated by Kyaw Thu(a) Patrick A. McCormick

အမည်းရောင် ကောင်မလေး။

The dark girl.
wpe1.jpg (994 bytes)

သူမကို ကျွန်တော်စတွေ့တွေ့ချင်း ပေးမိတဲ့ နာမည် ဖြစ်ပါတယ်။ တွေ့တဲ့ အချိန်က မှောင်မည်းမည်း၊ သူ ဝတ်ထားတဲ့အဝတ်အစားတွေကလည်း တစ်ကိုယ်လုံးအမည်း။ နောက်ပြီးတော့ သူ့ကိုတွေ့လိုက်ရတဲ့ ကျွန်တော် ကိုယ်တိုင်ကလည်း မှောင်မည်းမည်းထဲမှာ ထိုင်နေတဲ့အချိန်ပါ။ ဪ ... ကောင်မလေးကလည်း ကားအမည်းကြီးထဲက ဆင်းလာတယ်လေ။

That’s the name I gave her as soon as I saw her. When I saw her it was dark, and all her clothes were dark, too. And then it was when I was sitting in the dark, too, that I saw her. Hmm, she got out of a dark-colored car, too.
wpe3.jpg (994 bytes)

နားတွေရှုပ်ကုန်တော့မယ်ထင်ပါရဲ့။ ဒီလိုပါ၊ အစကပြန်ပြောမှ ဖြစ်မယ်။ သာကေတဇာတ်ရုံမှာ ကျွန်တော်တို့ ဇာတ်ဝင်နတုန်းကလေ ခင်ဗျာ။ ကျွန်တော့်နာမည်၊ အင်း ... ကျွန်တော့်နာမည်ကို ပြောဖို့များ လိုသေးလားဗျာ။ ကျွန်တော်တို့ဇာတ်ရုံ ဂီတရှိုးပိုစတာမှာ ကျွန်တော့်နာမည်ကို အကြီးဆုံးစာလုံးနဲ့ ရေး ထားတယ်လေ။ ကျွန်တော့်ရုပ်ပုံကိုလဲ အလှဆုံး အတော်ဆုံး ပန်းချီဆရာတွေက ဆွဲထားတယ်။ လူဝတ်လူစားနဲ့ရော၊ မင်းသားဝတ်မင်းသားစားနဲ့ရောပါ။ ဒီလောက်ပြောတာမှ မသိသေးရင်လည်း ဂိတ်ရှိုးမှ သွားဖတ် ကြည့်ဗျာ။

You're probably really confused. It was like this, it’ll make sense only if I start from the beginning. It happened while we were at the Thaketa Theater. My name’s… no, do I really need to tell you that? My name is written in really big letters on the posters outside our theater. The best artists paint my picture, in regular clothes and in my dancing outfit. If you still don’t know who I am, just go look at the posters at the entrance to the theater.
wpe4.jpg (994 bytes)

အဲဒီညက ထုံးစံအတိုင်း ရုံခါနေတဲ့ ရှစ်နာရီခွဲ ကိုးနာရီလောက်ကျမှ ဇာတ်ရုံက အခန်းထဲမှာ ကျွန်တော် အိပ်ပျော်နေတာကို ကျွန်တော့် လူယုံတော် မြင့်နိုင်လေးက လာနှိုးတယ်။ အီးအဲနဲ့ ကျွန်တော် အထပျင်းနေတယ်။ မရတော့ဘူးလေ၊ မိတ်ကပ်လိမ်းဖို့ အချိန်ကပ်နေပြီမို့ အိပ်ချင်တာကို အတင်း ဖျစ်ညှစ် တွန်းလှန်ပြီး ထလိုက်ရတာ၊ ပထမဆုံး ခေါင်းထဲ ဝင်လာတာက ဆီးသွားဖို့။

Like usual, on that night around 8:30 or 9, my trusted friend, Ko Myint Naing came and woke me from my sleep in a room behind the stage. Stretching and groaning, I was too lazy to get up. I couldn't it. It was getting to be time to put on my makeup, so reluctantly I pushed away my desire to sleep and got up. The first thing that came into my head was to go relieve myself.
wpe5.jpg (994 bytes)

ဇာတ်ရုံထဲက အိမ်သာမှာ သွားဖို့ မြင့်နိုင်က ပြောပေမဲ့ ခေါင်းယမ်းပြီး ဇာတ်ရုံနောက်ဘေးဘက်ကို ထွက်လာခဲ့တယ်။ အိပ်ချင်မူးတူးနဲ့မို့ ပြင်ပကွင်းလေ လတ်လတ်ဆတ်ဆတ်ကို ရှူချင်တာလည်း ပါတယ်။ ဆံပင် စုတ်ဖွာ လုံချည်အက္ပျအနွမ်းနဲ့ ခေါင်းငိုက်စိုက်လှမ်းလာခဲ့တဲ့ ကျွန်တော့်ကို မျက်နှာချင်းဆိုင် ရုံနောက်ဘက် ဝင်ပေါက်ဝက ဝင်လာတဲ့ ကျွန်တော့် ကောင်မလေးတွေက မမြင်ဘူး။ ကျွန်တော်ကလည်း မခေါ်ပါဘူး။ ရုံနောက်ဘေး မှောင်ရိပ်မှာ ကျွန်တော့်ကိစ္စကျွန်တော် လုပ်နေတုန်း စောစောက ပြောတဲ့ ကောင်မလေးကို တွေ့တာ။ တွေ့တွေ့ချင်း ကျွန်တော် စိတ်ဝင်စားသွားတယ်ဆိုရင် ယုံမလား။ ဒီလိုဗျ။

Myint Naing said to go to the bathroom inside the theater, but I shook my head and went outside the theater in the back. Since I was groggy I also wanted to breathe in the fresh air from the field outside. My group of female followers didn't see me come out into the entrance in the back which was facing me with .... I didn't call out to
them, either. I saw the girl I mentioned earlier while I was about my business behind the theater. Would you believe me if I said I was interested in her the minute I saw her? That's how it was.
wpe6.jpg (994 bytes)

ပထမအချက်က ကောင်မလေးစီးလားတဲ့ ကားအမည်းကြီး။ မြန်မာပြည်မှာ အကောင်းဆုံးကားဗျ။ ပိုက်ဆံရှိတဲ့သူဌးတိုင်း ဝယ်မစီးနိုင်တဲ့ကား။ ဒီကား ပေါ်က ဆင်းလာတဲ့ ကောင်မလေးဟာ ငှားစီးလာတယ်ပဲ ထား။ သာမညတော့ မဖြစ်နိုင်ဘူး။

The first thing was the big, dark car she came in. It was the best kind in Burma, the kind that even rich men with money can't buy. Put aside for now the idea that she might have rented it -- in any case it was out of the ordinary.
wpe7.jpg (994 bytes)

ဒုတိယ တစ်ချက်က အရမ်းလှတဲ့မျက်နှာလေး၊ ကျွန်တော်ပြောရဲပါတယ်ဗျာ၊ နာမည်ကြီးမင်းသား ဘဝနဲ့ မြန်မာပြည် တနံတလျား ကျွန်တော်တို့ သွားနေ ရတာ၊ ဗျာဆံဝိုက် ဗျာဆံခါ အပျိုတွေ လာလွန်းလို့ ငါဆရာ ကျောင်းပေါ်က ကြိမ်ဆော်၍ ချရသည် ဆိုတာမျိုး။ မြို့တကာ ရွာတကာက အချော အလှဆို တဲ့ မမတွေ ဇာတ်စင်ပေါ်က ကျွန်တော့်အခန်းထဲ မရောက်ဖူးချင်နေ၊ ဇာတ်ရုံ ထဲတော့ ရောက်ဖူးကြတာချည်းပဲ။ အခုတော့ဗျာ ကားကကွေ့အထွက် ဝေ့ လိုက်တဲ့ မီးရောင်အောက်မှာ ဖွေးခနဲ မြင်လိုက်ရတဲ့ မျက်နှာ နုနုလေး၊ ဝဲဖြာကျနေတဲ့ ဆံပင် မည်းမည်းရှည်ရှည်တွေနဲ့ အသက်ရှူမှား မတတ် ဖြစ်သွားတယ်။ အဟုတ်။

The second thing was her beautiful face. I'm in a position to say that. Living the life of a famous star, I get to go all over Burma. So many women with their beautiful hairstyles come and see me, so I can be something like a connoisseur. The beauties of many towns and villages have been at least in the theater if not in my room on the stage. From up on the stage a guy like me can tell where the prettiest girls are sitting and how to rate them just by glancing out of the corner of my eye while I'm singing. But now from a distance I could glimpse her soft, gentle face in the lights of the car turning around to drive off. With her long, dark hair hanging free, I almost forgot to breathe. Really.
wpe8.jpg (994 bytes)

တတိယတစ်ချက်က သူ့ကို ကျွန်တော်မသိဘူး။ ရန်ကုန်က ပရိသတ် တော်တော်များများ ကျွန်တော် သိတယ်။ မှတ်မိတယ်။ မမှတ်မိရင်လဲ မှတ်မိအောင် ကြိုးစားရတယ်။ တစ်ခါတစ်လေ ကိုယ်က အင်းအဲနဲ့ သွားဖြဲနေရင် ကောင်မလေးတွေက စိတ်ကောက်တတ်တယ်။ အခု ကျွန်တော့် မှတ်ဉာဏ်ကို အပြင်းအထန် နှိုးဆွပေမဲ့ ပေါ်မလာဘူး။ ဒီကောင်မလေးဟာ ကိုယ့်ဆီကို ပထမဆုံး အကြိမ် ရောက်လာတဲ့ ပရိသတ်ဆိုတော့ စည်းရုံးနိုင်မှ ကိုယ့်အမာခံအင်အား ဖြစ်လာမှာလေ။ အနုပညာရှင်တွေဖို့ အသစ်အားပေးမှုရှိမှ စဉ်ဆက်မပြတ် ရှင်သန်နိုင်မှာ။ ဒီကောင်မလေး ရုံထဲကိုဝင်လာတာ ကျွန်တော့်ဆီ လာတာ ဖြစ်ပါစေလို့ ဆုတောင်းမိတယ်။ ဟုတ်လဲ ဟုတ်မှာပါ။ သူ့လက်ထဲမှာ ခြင်းကြီးတစ်လုံး ဆွဲတယ်။ အထဲမှာ ဘာတွေလဲ မဝေခွဲ နိုင်ပေမဲ့ ခြင်းပေါ်မှာ ကန့်လန့်ဖြတ် တင်ထားတာက နှင်းဆီပန်းစည်း။ ကျွန်တော့်ဆီမလာဘဲ ခေါင်းဆောင်မင်းသမီး အေးစန္ဒာတို့ဆီသွားလဲ ကိစ္စမရှိဘူး။ ရုံထဲရောက်နေမှပဲ။ ဒီညတော့ မင်းသားသိက္ခာကျရင် ကျပစေတော့၊ ကျွန်တော် ကောင်မလေးကို စကားပြောတော့မယ်။

The third reason is that I didn't know her. I pretty much know all the people who come to my shows in Rangoon. I remember them. Even if I don't remember them, I try to. Sometimes if I just give them an embarrassed smile, the girls get cross with me. So, even though I was trying to stimulate my memory, she wasn't coming back to me. I will only be supported by fans if I can keep them all straight the first time they come to see me. Artists can only survive continuously if they have the support of new people. I prayed that this girl would come into the theater, that she'd come to me. Maybe that's the way it was. She was holding a big basket in her hand. I couldn't tell what was inside, but across the top was a bouquet of roses. It didn't care if she'd go to the head actress, Ma Aye Sanda, instead of me. Just as long as she came into the theater. Tonight, let propriety fall by the wayside if need be. I'd be able to talk to this girl.
wpe9.jpg (994 bytes)

သံမဏိဆုံးဖြတ်ချက်ချမှတ်ပြီး ရုံထဲကို ရင်ကော့ဝင်လာခဲ့တယ်။ မင်းသမီးတန်းဘက်ကို မျက်စိဝဲရှာ တော့ ကောင်မလေးကို မတွေ့ဘူး။ မိတ်ကပ် လိမ်းနေတဲ့ အေးစန္ဒာနဲ့သာ မျက်နှာချင်းဆုံမိရာက "အစ်ကို၊ ဘယ်တော့လဲ" လို့ လှမ်းမေးတယ်။ အရေးထဲမှာ သူက ဇာတ်ဆရာမင်းသားဆီ ပိုက်ဆံ တောင်းနေပြန်ပါပြီ။ သူ့ကို ကျွန်တော်ပေးစရာရှိနေတယ်။ စိတ်အနှောင့်အယှက် နည်းနည်း ဖြစ်သွားရင်းနဲ့ "နှစ်ပါးသွားပြီးမှ" လို့ န်အော်ခဲ့တယ်။ ဇာတ်ခုံ ယ်ဘက်ထောင့်က ကျွန်တော်မိတ်ကပ်လိမ်းတဲ့နေရာကို လျှောက်လာပြီး ဝါးလှေကား ခနော်ခနဲ့ကြလေး သုံးထစ်ကို လှမ်းအတက် ကျွန်တော့်ရင်ထဲမှာ ဖိုလှိုက်ခနဲ ဖြစ်သွားတယ်။ စောစောက ကောင်မလေးက ကျွန်တော့်မိတ်ကပ်ခန်းပေါက်ဝမှာ ငုတ်တုတ်ကလေး ထိုင်နေတယ်ဗျ။

I made up my mind and went back into the theater swaggering. I glanced over to the actress' side of the theater but didn't see my dark girl. My glance met only with Aye Sanda putting on her make-up, who asked, "When, big brother?" She was asking me, the head actor, about money again right in the middle of things. I had something to give her. A little annoyed, I called back, "After the hnaparthwar." When I climbed up the three rungs of the rickety ladder to the stage to get to the place where I put on my makeup on the left of the theater, my heart skipped a beat. The girl from before was sitting at the entrance of my makeup room and was sitting with her head down.
wpeA.jpg (994 bytes)

သူ့ဖိနပ် ပါးပါး ကတ္တီပါ သည်းကြိုး မည်းမည်းကလေးကို ဖင်ခုထိုင်လို့။ လက်ကလေးနှစ်က် မေးကို စုံထောက်ပြီး လှေကားက တက်လာတဲ့ ကျွန်တော့် ကိုပြူးပြဲကြည့်နေတယ်။ သူ့ဆံပင် မည်းမည်းဝဲဝဲကြီးက ကြမ်းပြင်ပေါ်မှာပုံလို့။ ခြင်းကြီးက ဘေးမှာ၊ ကျွန်တော်သူ့ကို ပြုံးပြဖို့ ကြိုးစား တယ်။ မရဘူး။ ပါးကြောတွေ ခိုင်နေတယ်။ စိတ်တင်းပြီး သူ့ဘေးက ဖြတ်လို့ မိတ်ကပ်ခန်းထဲ ဝင်လိုက်တယ်။ မြင့်နိုင်ကို လိုက်ကာတွေ မတင်ခိုင်းလိုက်တော့ သူ့ကို ကျောပေးအနေအထားနဲ့ မိတ်ကပ်လိမ်းမဲ့ ကျွန်တော် မျက်နှာချင်းဆိုင်က မှန်ထဲမှာ ဆံပင်မည်းမည်းတွေဖုံးနေတဲ့ သူ့ကျောလေးကို မြင်နေရတယ်။ အခန်းထဲမှာ ရောက်နှင့်နေပြီး ကျွန်တော့် အလာကိုစောင့်နေတဲ့ ညီမလေးတွေ မမတွေရဲ့ စီစီညံညံ စကားသံတွေက ကျွန်တော့်နားထဲ မဝင်ဘူး။ သူတို့ ပေးတဲ့ပန်းကို တစ်ချက်လောက်ငုံ့နမ်း၊ လက်ဆောင်တွေကို ကျေးဇူးစကား ပြောပြီး မြင့်နိုင်လက်ကို အပ်လိုက်တယ်။ ခါတိုင်းလို ရယ်မောရွှင်ပျ လက်ပံပင်ဆက်ရက်မကျလို့ထင်ပါရဲ့ မမကြီးတစ်ယောက်က ကျွန်တော့်နဖူးကို စမ်းကြည့်ရင်း "နေကောင်းရဲ့လားဟင် မောင်လေး" တဲ့။ ကျွန်တော်က ဇက်ပိုးကို တစ်ချက်နောက်ပြန်ကိုင်ရင်း "အင်း နည်းနည်းမူးနောက်နောက် ဖြစ်နေလို့ပါ" လို့ ပြန်အဖြေ "အို တစ်ခါတည်း ကိုကိုက အလုပ်အရမ်း ကြိုးစားတာကိုး၊ ကျန်းမာရေး ဂရုစိုက်တာမှ မဟုတ်တာ၊ နေ့လယ်ခင်း အိပ်မှမအိပ်ဘဲ၊ လည်တာကိုး၊ ကော်ဖီနဲ့ ပါရာစီတမော့ သောက်မလား" ဆိုတဲ့အသံတွေ ဆူညံသွားတာပဲ။ ကျွန်တော့်ကိုလည်း ကောင်မလေး နှစ်ယောက်က ဝိုင်း နှိပ်ပေးနေကြပြီ။ မမကြီးက စင်ပေါ်က ဆင်းသွားပြီး ခဏကြာတော့ ပြန်တက်လာတယ်။ လက်ထဲမှာ ကော်ဖီပူပူတစ်ခွက်နဲ့ ဆေးတစ်ပြား၊ မှားပါပြီ။ ကျွန်တော်တော့ အခြောက်တိုက် ဆေးသောက်ရတော့မှာပဲ။ မသောက်ရင်လဲ ပူညံပူညံ အဆူခံရဦးမယ်။ မြန်မြန်မော့ချလိုက်ပြီး "သက်သာသွားပြီ၊ မီးမှောင်တော့မယ် မမတို့ ဖျာကို သွားကြတော့လေ" လို့ သိသိသာသာ နှင်ရတော့တယ်။ ဒါတောင် ကောင်မလေးတစ်ယောက်က "ကိုကိုကို စိုးရိမ်တယ်၊ စင်ပေါ်မှာပဲ နေတော့မယ်" လုပ်နေလို့ မနည်းတောင်းပန် လွှတ်လိုက်ရတယ်။ သာကေတရုံက ဝေးလို့ ကျွန်တော့်အခန်းထဲမှာပဲ နေမဲ့ ပင်တိုင်ဧည့်သည်တွေ မလာကြတာ တော်သေးတယ်၊ သူတို့က ပွဲကြည့်ဖို့ မဟုတ်ဘူးလေ၊ ကျွန်တော့်ဆီ လာကြတာ။ ခင်ဗျားတို့ သိတယ် မဟုတ်လား။ အဲဒီဧည့်သည်တွေများ တစ်ယောက်ယောက်လာရင် ဒီည ဒုက္ခ

She sat down on her thin slippers, sole up, with a velvet thong. She held her chin in her hands and looked at me in surprise as I came up the stairs. Her dark hair was spread around her on the floor in a pile. The big basket was at her side. I tried to smile at her. I couldn't. My cheek muscles were frozen. I steeled myself while I went into the makeup room. After asking Myint Naing to raise the curtain, I saw the back of the dark girl covered with dark hair facing in the mirror as I was about to put on my makeup. I didn't hear the sound of chattering girls who had already come into my room to wait for me. I sniffed briefly at the flowers they gave me, thanked them for their presents and handed them to Myint Naing. I wasn't laughing and being merry as usual, so one of the girls came and asked me if I was okay while she felt my forehead. Putting my hand behind my neck, I said something like, yeah, I'm a little dizzy. Then all at once there were voices saying "Oh, you work so hard," "You have to look after your health," "You don't even get to sleep till the afternoon," "You wandered around too much" and "Take a Paracetamol with a cup of coffee." Two of the girls even started massaging me. The head girl clambered down off the stage and after a minute came back up. In her hands she had a cup of coffee and a pill. Now I'd done it. I was going to have to take some medicine for no good reason. If I didn't take it, I'd have to endure their nagging. I'd better just swig it down and get better. I had to chase the girls out, telling them the lights were about to go down, why don't you girls go down to the mats. Even so one of the girls worried herself. She kept asking me to let her stay up there with me, so I finally had to request her not to. It was still alright that many of regular visitors, who would be waiting in my room,  hadn't come since the Thaketa Theater is far from their place. These girls don't come to see the pwe -- they come to see me, didn't you know that? If someone like one of them came, this night was going to be a pain.
wpeB.jpg (994 bytes)

မိတ်ကပ်လိမ်းပြီးတော့ ဧည့်ခံတီးလုံးစနေပြီ။ ကျွန်တော့် ကောင်မလေးကတော့ ငုတ်တုတ်။ ကျွန်တော်အဝတ်တွေထည့်တဲ့ သံသတ္တာကြီးပေါ်မှာထိုင်၊ ငါးသုံးသုံးတစ်လိပ် မီးညှိရင်း မြင့်နိုင်လေးကို ကောင်မလေးဘက် မျက်စပစ်ပြလိုက်တယ်။ သူက လက်ခါပြတယ်။ မသိဘူးတဲ့။ အင်းလေ ဥစ္စာရင်လို ဥစ္စာရင်ခဲ ကိုယ်တိုင်ကြဲရတော့မှာပေါ့။

After I finished getting made up, they started playing the overture. But my girl was still there unmoving. She was sitting on top of my big metal case holding my clothes. While lighting up a 555, I raised an eyebrow in the girl's direction at Myint Naing. He shook his hand, indicating he didn't know. Yeah, if you want something, you have to work to get it yourself.
wpeC.jpg (994 bytes)

ကျွန်တော်အခန်းထဲကထွက်ပြီး သူ့နံဘေးမှာ ကပ်ရပ်လိုက်တယ်။ ခေါင်းလေးငုံ့ထားတဲ့ ကောင်မလေးက မော့မကြည့်ပေမဲ့ ပုံကျနေတဲ့ ဆံပင်မည်းမည်း ဝဲဝဲတွေကို လက်နဲ့သိမ်းပြီး သူ့ပေါင်ပေါ်တင်လိုက်တယ်။ ကျွန်တော် သည်းမခံနိုင်တော့ဘူး၊ "ဟေ့ ဘယ်သူ့ကို စောင့်နေတာလဲ" လို့ ငုံ့မေးလိုက်တယ်။ ကောင်မလေးက ဖြည်းဖြည်းလေး မော့ကြည့်တယ်။ "အဖော်တွေ စောင့်နေတာ" လို့ တိုးတိုးလေးဖြေတုန်း ကျွန်တော် သူ့ဘေးကပ်ထိုင်ချလိုက်တယ်။

I left my room and stood at the girl's side. The girl, head bent down, didn't look up, but gathered up her hair spread out in a heap and placed it on her thigh. I couldn't stand it any longer. Bending down, I asked her, "Hey, who are you waiting for?" She looked up very slowly. While she answered ever so quietly, "I'm waiting for my friends," I went and sat next to her.
wpeD.jpg (994 bytes)

"အဖော်တွေက ဘယ်မှာလဲ ဟင်"

"Where are your friends?"
wpeE.jpg (994 bytes)

ကောင်မကလေးလ မျက်နှာချင်းဆိုင် နီးနီးလေးဖြစ်နေပေမဲ့ ရှောင်မသွားဘူး။ မိတ်ကပ်မျက်နှာကို စေ့စေ့ရဲရဲ ပြန်ကြည့်ပြီး "သံလျင်က ကူးလာကြမှာ၊ အုကရန်ကုန်ကမို့ စားစရာတွေလည်း ယူလာရတယ်၊ ပန်းတွေလည်း ယူလာရတယ်၊ သူတို့ကပြောပါတယ်၊ နောက်ကျရင် ရုံ တန်းလာမယ်တဲ့"

She didn't try to look away even though we were so close. She looked carefully at my made up face and said, "They're coming from Syriam. I had to bring the food since I'm from Rangoon. I had to bring the flowers, too. They said they will come direct to the theater if they were late."
wpeF.jpg (994 bytes)

"ဒီအချိန်ကျမှ သူတို့က လာကြပါဦးမလား"

"I wonder if they'll come now that it's so late."
wpe10.jpg (994 bytes)

"အု မပြောတတ်ဘူး၊ ပြန်လို့လည်း ရမှမရတော့တာပဲ၊ သူတို့ကလည်း အဲဒီကစောင့် တဲ"

"I can't say. It's too late for me to go home. They said for me to wait there."
wpe11.jpg (994 bytes)

"ဘယ်က စောင်"

"Wait where?"
wpe12.jpg (994 bytes)

"အဲဒီက၊ အဲဒီက" ဆောင့်ဆောင့်လေး ဖြေတယ်၊ ချစ်စရာလေးဗျ။

"There, there," she answered, annoyed. It was cute, I'm telling you.
wpe13.jpg (994 bytes)

"အဲဒီကဆိုတာ တို့ကိုပြောတာလား၊ ဒါဆို မကောင်းပါဘူး အုရာ၊ ကိုကိုလို့ ခေါ်နော်"

"By "there" you mean here with us? If that's who you mean don't say "there", call me Ko Ko, okay?"
wpe14.jpg (994 bytes)

စောစောက သူ့ကိုယ်သူ အုလို့ ပြောလိုက်သလား၊ ဝါးတားတား ကြားရတာကို ရမ်းကြိတ်လိုက်တာ မှန်သွားတယ် ထင်ပါရဲ့။ ဘာမှ ပြန်မပြောဘူး။ အုတဲ့။ ကြားရတာ နာမည်က ဆန်းလိုက်တာ။

Didn't she just call herself by her own name, "Oo"? You'd think it would be hit or miss with not hearing clearly. She didn't say anything. She said, "Oo." That was an unusual name that I heard.
wpe15.jpg (994 bytes)

"ဟေ့ အခန်းထဲက လာစောင့်ပါလား၊ ဒီလမ်းကြီးမှာ မကောင်းပါဘူး၊ ခဏနေရင် အလုပ်လုပ်ကြတော့မှာ၊ အုကို ဝင်တိုက်နေလိမ့်မယ်"

"Hey, why don't you come wait inside my room? This isn't a good place. If you're here much longer, they'll start working. They'll probably come bump into you."
wpe16.jpg (994 bytes)

ကျွန်တော် စကားအဆုံးမှာပဲ ပဏာမယိမ်းထွက်ကြမဲ့ ယိမ်းသမလေးတွေ ပြေးတက်လာကြလို့ သူ မထချင် ထချင် ထတော့ အလိုက်သိတဲ့ မြင့်နိုင်က ခြင်းကြီးပါ ဆွဲလာတယ်။

Just as I finished speaking, the girls dancing the introductory yein hurried out to go on stage. She didn't seem to want to get up, but got up and Myint Naing, knowing what to do, picked up the big basket and followed us.
wpe17.jpg (994 bytes)

"အခန်းထဲမှာ ဘယ်သူမှ မရှိပါဘူး၊ အု ရဲရဲနေနော်၊ ကိုကို သီချင်းထွက်ဆိုဦးမယ်" လို့ပြောတော့ ခေါင်းညိတ်တယ်။ ကျွန်တော်စတိတ်ရှိုးအတွက် အဝတ်လဲနေတာကို အုက ကျောပေးနေပေမဲ့ မှန်ထဲက ခိုးကြည့်နေတာကို ကျွန်တော် သိနေတယ်။ သူနဲ့ ကျွန်တော် မှန်ထဲမှာ အကြည့်ချင်း ဆုံသွားတော့ ဖျပ်ခနဲ မျက်လွှာချသွားတယ်။ အခြေအနေ မဆိုးပါဘူးနော်။

"No one's in my room. Don't worry about being there. I have to go out and sing," I said, and she nodded. Oo turned her back to me so I could change my clothes, but I knew she was stealing a look at me with her mirror. In my mirror our glances met and then we looked down. Things weren't going bad, you see?
wpe18.jpg (994 bytes)

ကျွန်တော် စတိတ်ရှိုး ထွက်ဆိုတယ်။ တစ်ပုဒ်၊ နှစ်ပုဒ် ထုံးစံအတိုင်း ရှေ့ဆုံးက မမလေးတွေက လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ပေါ့။ သုံးပုဒ်လောက် ဆိုနေတုန်းမှာ အခန်းထဲက အု ထွက်လာတာ မျက်လုံး ထောင့်စွန်းက မြင်လိုက်ရတယ်။ သူ ပုဏ္ဏားကွယ်မှာရပ်ပြီး ကျွန်တော် သီချင်းဆိုတာကို ကြည့်နေတယ်။ အတီးပိုဒ်မှာ ကျွန်တော်ကတယ်။ ဟိုဒင်း၊ မင်းသားလို ကတာ မဟုတ်ဘူးလေ၊ ခင်ဗျားတို့ သိတယ်မဟုတ်လား၊ အဲဒီလိုကတာ။ ကျွန်တော့် ခန္ဓာကိုယ်ကို နွဲ့လိုက် ယိမ်းလိုက် ခါလိုက်နဲ့ ကနေတာကို အု ကြည့်နေရင်း မျက်လုံးလေးတွေ ဝင်းနေတာ မြင်ရတယ်။ မောရကျိုးနပပါတယ်ဗျာ။

I went out and sang a couple of pieces. As usual, the girls sitting closest in front clapped loudly. Out of the corner I saw Oo come out of my room while I was singing about the third piece. She stopped at the Brahman-hiding screen and watched me sing. I danced when the hsaing played the reprise. It was that -- I wasn't dancing like a Burmese dancer -- you know what I mean, right? I saw Oo's eyes brightening as she watched my dancing body, shaking and swaying. All my hard work for nothing.
wpe19.jpg (994 bytes)

ကျွန်တော် ပြန်ဝင်လာတော့ အု အခန်းထဲ ရောက်နေပြီ။ သူ့ကို စမ်းသပ် စစ်ဆေးဖို့ ဆုံးဖြတ်လိုက်တယ်။

Oo was already in the room when I went back in. I decide to test her.
wpe1A.jpg (994 bytes)

"အု ပွဲကြည့်မလား ဟင်၊ ဒီအချိန်ကျမှ အဖော်တွေလည်း လာမှာ မဟုတ်တော့ပါဘူး၊ စင်ထောင့်မှာ ခုံလုပ်ခိုင်းလိုက်မယ်"

"Oo, why don't you watch the pwe? Your friends aren't going to be coming at this point. I'll have them put a bench out for you at the corner of the stage."
wpe1B.jpg (994 bytes)

"အု ပွဲမကြည့်ချင်ပါဘူး၊ ဒီမှာပဲ ထိုင်နေမယ်"

"I don't want to watch the pwe. I'll just sit here."
wpe1C.jpg (994 bytes)

"ကောင်းပြီလေ၊ ကိုကို့ကို အားမနာနဲ့၊ လွတ်လွတ်လပ်လပ်နေ၊ ဒါနဲ့ အုအဖော်တွေက ဘယ်သူတွေလဲ၊ သံလျင်ကဆို ကိုကို သိတာ...."

"Okay. Whatever you like, do as you want. So, who are your friends? If they're from Syriam, I should know them..."
wpe1D.jpg (994 bytes)

"ဟုတ်တယ်၊ မဖြူတို့ မမာဝင်းတို့လေ၊ အုနဲ့က ဝမ်းကွဲတွေ"

"Yeah, Ma Hpyu and Ma Mar Win's group. They're my cousins."
wpe1E.jpg (994 bytes)

"ဗျာ" ကျွန်တော်မျက်လုံးပြူးသွားတယ်၊ အု ကျွန်တော့်စာမေးပွဲ အောင် သွားတယ်၊ သူပြောတဲ့ သူတွေက ကျွန်တော့် အမာခံပရိသတ်တွေ။ ချက်ချင်းပဲ အုကို ကျွန်တော် ခင်မင်သွားမိတယ်။

"Really," my eyes registered surprise. Oo passed my test. The people she told me about were my hardcore fans. Suddenly Oo and I had become very close.
wpe1F.jpg (994 bytes)

"ဟောဗျာ၊ စောစောက ဘာလို့မပြောလဲ၊ မဖြူတို့ ညီမဆိုရင် ကိုကို့ ညီမပဲပေါ့ကွာ၊ အု သိပ်ဆိုးတာပဲ။ ကဲ ဒီနေ့ည မဖြူတို့ မလာရင် ကိုကို့ ဧည့်သည်တော် ဖြစ်သွားပြီ၊ ခုချိန်ကစပြီး ကိုကိုနဲ့ အု သူငယ်ချင်း အရင်းခေါက်ခေါက ဖြစ်သွားပြီ၊ သိလား"

"Wow. Why didn't you tell me that sooner? If you're Ma Hpyu's little sister, that makes you my little sister, too. That was very naughty of you. Alright, if Ma Hpyu and her friends don't come tonight, you'll be my special guest. You and I have just become very close friends, you know that?"
wpe20.jpg (994 bytes)

ကောင်မလေး ဘာမှမပြောဘဲ ကျွန်တော့်ကို မှုန်မှုန်လေး ကြည့်နေတယ်။ ကျွန်တော် အရဲစွန့်ပြီး သူ့ ဆံပင်တွေ ကိုင်လိုက်တယ်။ မရုန်းဘူး။

She didn't say anything but just looked at me sullenly. Taking a risk, I touched her hair. She didn't stop me.
wpe21.jpg (994 bytes)

"အု ဆံပင်တွေ သိပ်လှတယ်။ ဒီခေတ်မှာ ရှားတယ် သိလား၊ ဆံပင်ရှည် ကောင်မလေးတွေလဲ ခါး လောက်ပဲ တွေ့တာများတယ်။ အုလောက် မရှည်ဘူး"

"Your hair is so beautiful. That's rare these days, you know? Usually girls with long hair only have it down to their waists. Not as long as yours."
wpe22.jpg (994 bytes)

"အု ဆံပင်က တံကောက်ကွေးကျော်တယ်၊ အု သိပ်ကြိုက်တာမို့ မဖြတ်တာ ကိုကိုရဲ"

"My hair goes past the back of my knees. I like it like that, so I haven't cut it, big brother."
wpe23.jpg (994 bytes)

"အုသာ ကိုယ့်ညီမရင်းဖြစ်ရင် ဘယ်လောက်ကောင်းမလဲ"

"It'd be great if you were my real little sister."
wpe24.jpg (994 bytes)

"ဟင် ဘာလို့လဲ"

"Huh? How come?"
wpe25.jpg (994 bytes)

"ဒီလောက် လှတာ၊ ပြီးတော့ ဆံပင်ဒီလောက်ကောင်းတာ၊ ကိုကို ဂုဏ်ယူတာပေါ့"

"I could be proud of you being so pretty and your long hair."
wpe26.jpg (994 bytes)

သူပြုံးနေတယ်၊ ပြီးမှ    
"အုကို လာပိုးတဲ့သူတွေနဲ့ ကိုကို ရန်ဖြစ်မှာပေါ့"

She smiled at her, then said, "Of course you'd have to fight the men chasing you.
wpe27.jpg (994 bytes)

ကျွန်တော် ဟက်ဟက်ပက်ပက်ရယ်လိုက်ရတာ။ အော်ပရာအတွက် အဝတ်လဲနေတုန်း အုက ခြင်း ထဲက ပစ္စည်းတွေ တစ်ခုချင်းထုတ်ပြီး မြင့်နိုင်ကို ပေးနေတယ်။

I had to laugh really hard at that. While I was changing for the play, Oo took her things out of her bag one at a time and gave them to Myint Naing.
wpe28.jpg (994 bytes)

"ပန်းတွေက ကိုကို နှစ်ပါးသွားကျမှ ဆွဲပစေ။ ဒါက နာနတ်သီး၊ ဒါက လက်ဖက်သုပ်၊ ဒါကတော့ နက်စ်ကော်ဖီ ဖျော်ပြီးသား ဓာတ်ဘူးကီးမားပလာတာလည်း ပါတယ်၊ ပွဲကြည့်ရင်း အုတို့စားဖို့ လုပ်လာတာ၊ ခုတော့ ကိုကို့ဖို့။ ဒါကတော့ နကိုကတည်းက ကိုကို့ကို ပေးဖို့ ယူလာတာ" သူ ပြလိုက်တာကို ကျွန်တော် လှမ်းကြည့်လိုက်တော့ နိုင်ငံခြားပန်းသီး နီနီရဲရဲငါးလုံးကို ပလတ်စတစ်အိတ်နဲ့ ထည့်ထားတာတွေ့ ရတယ်။

"Let him have the apples after the hnaparthwar. Here's some pineapple. This is lahpet salad. This thermos has some Nescafé I've made in it. I also brought some khemar parahtas. I made them for my friends and I to have while we were watching the pwe. But now they're for Big Brother. These I originally brought to give to him." I watched what she was giving him and saw five bright, shiny imported apples wrapped in plastic.
wpe29.jpg (994 bytes)

"အတော်ပဲ အု၊ ညကျမှ စားမယ်နော်"

"How nice, Oo. Later tonight I'll have that stuff, okay?"
wpe2A.jpg (994 bytes)

သူခေါင်းလေးကို ဆတ်ဆတ်ပါအောင် ညိတ်တယ်။ ကျွန်တော်အော်ပရာဝတ်စုံလဲနေရင်နဲ့ ပန်းသီး စားတဲ့ အချိန်ကျရင် ဘာပြောရကောင်းမလဲ စဉ်းစားနေတယ်။
***********

She nodded her head swiftly. I was thinking about what to say when I'd have to come change my clothes again and she'd give me some apple later tonight.
* * * * * * * * *
wpe2B.jpg (994 bytes)

သိုင်းအော်ပရာ ဇာတ်သိမ်းခန်းမှာ လက်ခုပ်တဖြောင်းဖြောင်းကျစေပြီး မောပန်းနွမ်းနယ်စွာနဲ့ ကျွန်တော် ပြန်ဝင်လာခဲ့တယ်။ ကျွန်တော်က ဏ္ဌာန်လုပ် သရုပ်တမှ ကြိုက်တော့ သိုင်းကွက်တွေမှာ အပီအပြင်ကစား ပြတယ်လေ။ ပရိသတ် ကြိုက်အောင် ကြိုးစားရတာ မသက်မသာဘဲ။ တစ်ခါတည်း ခြေကုန်လက်ပန်းကျတာ ကျွန်တော် မှန်ရှေ့ဖျာပေါ် ထိုးလှဲ အိပ်ချလိုက်တယ်။ မောင်မြင့်နိုင်က ပြေးလာပြီး အင်းကျီကို ဖွင့်ဟပေးတယ်။ ပန်ကာကို ရွှေ့ပေးတယ်။ ကျွန်တော်ရင်တွေ နိမ့်တုန် မြင့်တုန် ခုန်နေတာကို အု လှမ်းကြည့်တယ်။ သူ့ လက် ထဲမှာ ဝတ္တုစာအုပ်ကို လက်ညှိုးနဲ့ ညှိပ်ပိတ်ထားတာ တွေ့ရတယ်။ ကျွန်တော် လှဲနေရာက ထပြီး အင်းကျီကို ချွတ်လိုက်တယ်။ ရင်အုပ်ဗလာနဲ့ ချွေးတွေ စိုလက်နေတဲ့ကိုယ်နဲ့ မှန်ရှေ့မှာ ထိုင်လိုက် တယ်။ ချွေးကြောင့် ပျက်ယွင်းသွားတဲ့ မိတ်ကပ်ကို ပြင်နေတုန်း ကိုယ်ပေါ်ကို နွေးခနဲကျလာလို့ ကြည့်လိုက်တော့ အု ခင်ဗျ။ ကိုယ်သုတ်ပဝကြီးနဲ့ ကျွန်တော့်ကို ခြုံပေးလိုက်ပြီး "ခြုံထား ကိုကို၊ ပန်ကာလေနဲ့ ချွေးငုပ်သွားရင် ကိုကို ဖျားလိမ့်မယ်" တဲ့။ ပြီးတော့ မောင်မြင့်နိုင်ဘက် လှည့်ပြီး၊ "ဒီမှာ မောင်လေး၊ ကိုကို့ ချွေးတွေကို မွေးပွတဘကနဲ့ စင်အောင်သုတ်ပြီး အင်းကျီ ပါးပါး ဝတ်ဖို့ ထုတ်ပေးလိုက်ပါ" လို့ အေးအေးဆေးဆေး ပြောတယ်။ မောင်မြင့်နိုင်လည်း အု အမိန့်ကို နာခံရတော့တယ်။ မြင့်နိုင်က မျက်စိမှိတ်ပြ လို့ ကျွန်တော်လည်း ပခုံးတွန့်ပြလိုက်ရတယ်။ အုကတော့ ခပ်တည်တည်ပဲ။ "အိမ်မှာလည်း အုတို့ ကိုကို အကြီးဆုံးကစားပြီးရင် ဒီလိုပဲ နေတတ်လွန်းလို့ အုပဲ လုပ်ပေးရတယ်" ဆိုပြီး သူ့ စာအုပ်ကလေး ငုံ့ဖတ်နေတယ်။ ကောင်း ရော။ ကျွန်တော် တွေ့ဖူးတဲ့ ကောင်မလေး တချို့ကများ ကျွန်တော့်ဆို ဝတ်ကြီးဝတ်ငယ် သိပ်ပြုချင်ကြတာ၊ ကျွန်တော် ဘာလိုမလဲ အရိပ် ကြည့်နေကြတာ။ ခုနလိုများဆို ကျွန်တော့်ကို ချွေးကိုယ်တိုင် သုတ်ပေးကြမှာလေ။ အုလို မောင်မြင့်နိုင်က တစ်ဆင့် ဘယ်ခိုင်းပါ့မလဲ။ အုရယ် မင်းကို လေးစား အထင်ကြီးမိပါတယ်။ ခါတိုင်း အော်ပရာပြီးရင် ပြဇာတ်အကြား ဟာသ ဇာတ်လမ်းတို အခန်းမှာ ကျွန်တော် အိပ်နေကျ။ ဒီနေ့တော့ ဆင်းအိပ်ဖို့ စိတ်မကူး တော့ဘဲ တစ်နာရီလောက်အချိန်ရတာ အုနဲ့ စကားပြောမယ် စဉ်းစားကာမှ မရွှေအုက ဝတ္တုဖတ်နေတယ်ဗျ။ ကျွန်တော် ဒေါသဖြစ်ဖြစ်နဲ့ သူ့လက်ထဲက ဝတ္တုစာအုပ်ကို ဖတ်ခနဲ ဆွဲယူလိုက်တယ်။ အု "ကိုကို" ဆိုပြီး သူလန့်သွားတယ်။

At the final scene of the martial art opera, I let them clap hard and then exhausted, I went back inside the room. I'm only satisfied if my portrayals are true to life, so I really try to perform convincingly during the martial-art scene. It isn't easy trying to please the audience. Completely worn out, I completely collapsed onto the mat in front of the mirror. Maung Myint Naing came quietly in and opened my shirt for me. He moved the fan over towards me. Oo watched my chest heave up and down from afar. I saw that she had stuck a finger in a novel she held to mark her place. I got up from where I lay and took off my shirt. With my chest bare and covered in sweat, I sat down in front of the mirror. Reapplying my sweat-ruined makeup, I twisted around to look and there was Oo. She covered me with a big towel and said, "Dry yourself off, Big Brother. If the fan dries your sweat off you'll get a chill." Then turning to Maung Myint, "Here, little Brother, dry him off with this towel and then get him a dry shirt to change into," she said calmly. Maung Myint Naing followed her instructions. Myint Naing winked and I shrugged. But Oo was unfazed. She said "At home I do this all the time after my oldest brother stayed like you after he has been playing," and bent back over her book to read. What could I do? Some girls I've met want to do everything for me. They look for the least hint of what I want. They would have wiped up my sweat themselves. They wouldn't do something through Maung Myint Naing like Oo. Oo, I really respect you for that. Usually I go to sleep during the  short comic play between the opera and the play. This time I had no plans to down and sleep but thought about talking with Oo for the hour I had. Here she was, though, reading her book. A little ticked off, I grabbed it out of her hands. "Hey!" she said, startled.
wpe2C.jpg (994 bytes)

"ဘာမှန်းလဲ မသိဘူး၊ ပွဲလာကြည့်တာ ဝတ္တုဖတ်နေတယ"

"I don't know what's going on here. You came to see the pwe and now you're reading a book."
wpe2D.jpg (994 bytes)

"အို အုမှ ပွဲမကြည့်ချင်တာကြီး"

"I really don't want to watch the pwe."
wpe2E.jpg (994 bytes)

"ပွဲမကြည့်ချင်လည်း ကိုကိုနဲ့ စကားပြောမယ်"

"We should talk if you don't want to watch."
wpe2F.jpg (994 bytes)

"ဟင် အု စကားမပြောတတ်ဘူး ကိုကိုရဲ့၊ စာအုပ်ပြန်ပေးပါ၊ ဖတ်ချင်တယ်"

"No, I'm no good at talking, Big Brother. Give me back my book. I want to keep reading."
wpe30.jpg (994 bytes)

"ဟင့်အင်း မပေးဘူး၊ ဘာစာအုပ်မို့ သဲကြီးမဲကြီး ဖတ်နေရတာလဲ"

"No way, I'm not giving it back. What book is it that you're so absorbed in it?"
wpe31.jpg (994 bytes)

အဖုံးကို ကြည့်လိုက်တော့ ပန်းသာ မစာအုတဲ့။ ရေးတဲ့သူလား၊ ဝတ္တုနာမည်လား မသိ။ နောက်တစ်ခုက သခင်ဘသောင်းတဲ့။ ဘုရားရေ ဘာတွေပါလိမ့်။ မကြားဖူးပေါင်။ ပြဿနာပါပဲ၊ ၁၆ နှစ်သမီးလောက် ကောင်မလေးရှေ့မှာ မဟာအရှက်တော်ကွဲတော့မှာပဲ။ ဒါပေမဲ့ မင်းသားပဲ၊ ဒီလောက်တော့တတ်ပါတယ်။

I looked at the cover which said, Sa-Oo of Pantha -- was that the author? the title? I couldn't tell. It also said, "Thahkin Ba Thaung." Oh my god, what are these? I'd never heard of them. This was a problem -- I was going to look like a fool in front of a girl about sixteen years old. But then, I'm an actor. I could handle this.
wpe32.jpg (994 bytes)

"အု ကိုကို့ကို ဇာတ်လမ်းပြောပြ"

"Oo, tell me the story, what's it about?"
wpe33.jpg (994 bytes)

"ဟင် ဘာလုပ်မလို့လဲ"

"Why?"
wpe34.jpg (994 bytes)

"ပြဇာတ်ကချင် ကရတာပေါ့"

"I want to turn it into a play."
wpe35.jpg (994 bytes)

"ဒီဝတ္တုကို ပြဇာတ်ကချင်တယ် ဟုတ်လား၊ သိပ်ကြိုက်တာပဲ၊ ကောင်းတယ်"

"You want to turn this novel into a play, really? It's a good book, I like it a lot."
wpe36.jpg (994 bytes)

"ကောင်းရင် ပြောကွာ၊ ပြောကွာ"

"If it's so good, tell me what it's about."
wpe37.jpg (994 bytes)

ကျွန်တော် ဖျာပေါ်ကို ပက်လက်လှဲချလိုက်ပြီး မျက်လုံးစုံမှိတ် နားထောင်နေလိုက်တယ်။ အုက ဇာတ်လမ်းကို စပြောပြတယ်။ သူ့ အသံ အေးအေးလေးက နားထောင်လို့ ကောင်းလိုက်တာ။ သူ့ ဇာတ်လမ်းက ဒီလို။ မစာအုဆိုတဲ့ တောသူမလေးတစ်ယောက်ရှိတယ်။ သူ့အဖေက မင်းမျိုးမင်းနွယရူး သိပ်ရူးတာ၊ ပန်းသာမြို့စား အနွယ်တောလို့ သူ့ကိုယ်သူ ထင်ပြီး မစာအုကို ဆွေပြမျိုးပြ လွှတ်လိုက်တော့ ပန်းသာမောင်မောင် ဆိုတဲ့လူက စော်ကားလိုက်တယ်။ နောက်မစာအုက ကိုဒေဝ ဆိုတဲ့လူနဲ့ကြိုက်၊ သူ့အပြစ် ကိုယ်အပြစ် ဖွင့်ဟကြရင်း အုက ပန်းသာမောင်မောင်နဲ့ သူ့အကြောင်း ဝန်ခံတော့ ကိုဒေဝက ခွင့်မလွှတ်ဘူး။ အဝေးထွက်သွား၊ အုက အားကိုးမဲ့လို့ ပန်းသာမောင်မောင်နဲ့ ယူလိုက်ရပြီးမှ ကိုဒေဝက ခွင့်လွှတ်တယ်ဆိုပြီး ပြန်လာ၊ အုခမျာ သူ့ဘဝ မကျေနပ်ဖြစ်ပြီး ပန်းသာမောင်မောင်ကို သတ်၊ ကြိုးစင်တက်ရ။

I lay down on the mat on my back and listened with my eyes closed. Oo started telling the story. Here calm little voice was really good to listen to. This is what she told me. There was a young country girl named Sa-Oo. Her father was obsessed with royalty. He thought they were related to the myoza of Pantha and sent Sa-Oo there to be introduced to her relatives. But a guy named Maung Maung of Pantha raped her there. Then Sa-Oo fell in love with someone named Ko Dewa. When Sa-Oo tried to open up and tell him about what happened between her and Maung Maung, Ko Dewa wouldn't forgive her. She ran away. She had no one to turn to, so she married Maung Maung. But then it turned out that Ko Dewa had forgiven her, so she went back. Poor Sa-Oo was so unhappy with her life that she killed Maung Maung. She was hanged.
wpe38.jpg (994 bytes)

ဒုက္ခပါပဲဗျာ၊ ကြိုးစားပမ်းစား စိတ်ဝင်စားပြီး နားထောင်နေတဲ့ ကျွန်တော် ရှုံ့သွားတယ်။ မင်းသမီး ဇာတ်ကြီးကိုများ။

What a nightmare. I was trying to listen but I didn't like what I heard. This was a play for an actress, not me.
wpe39.jpg (994 bytes)

"ကဲ ကိုကို ပြဇာတ်ကမလား ဟင်"

"So, are you going to turn it into a play?"
wpe3A.jpg (994 bytes)

"မကပါဘူး"

"No"
wpe3B.jpg (994 bytes)

"ဟင် ခုနက ကမယ်ဆိုပြီ" အုက နားမလည်သလို မေးတယ်။

"But you said a minute ago you would," she asked like she didn't understand why.
wpe3C.jpg (994 bytes)

"အု ဇာတ်လမ်းက မင်းသမီး အဓိကဇာတ်ကြီး။ ကိုကိုက ဘယ်နေရာက ကရမှာလဲ၊ ဒေဝဆိုတဲ့ ကောင်ကလဲ မပြတ်မသားနဲ့ လူညံ့၊ ပန်းသာ မောင်မောင်က ဗီလိန်၊ မင်းသားကို ပရိသတ်က အော်ဆဲကြမှာပေါ"

"Your story's mainly for an actress. What would I do? Ko Dewa is an indecisive and weak character. Maung Maung of Pantha is the villain. The audience would boo the actor."
wpe3D.jpg (994 bytes)

အုက မျက်နှာလေးကို မဲ့ပြီး၊ "မကနေပေါ့၊ အုတို့ မိန်းကလေးတွေကတော့ ဒီစာအုပ်ကနေ သင်ခန်း စာရတယ်၊ သိလား"

Oo's face clouded over. "Fine, don't put it on. Girls like me have learned something from this book, you know that?"
wpe3E.jpg (994 bytes)

"ဟောဗျာ၊ ဘာတဲ့တုံး"

"Really? What?"
wpe3F.jpg (994 bytes)

"ဪ ယောက်ျားဆိုတာ ဘယ်သူ့မှ မယုံရဘူးဆိုတာပေါ့ ကိုကိုရဲ့" တဲ့။ တတ်နိုင်ပါပေ့ မရွှေအုရယ်။

"We should never trust men, Big Brother."
Yes you can, my little Oo.
wpe40.jpg (994 bytes)

"ဘယ်သူ့မှ မယုံရတဲ့အထဲမှာ ကိုကိုရော ပါလား" ဆိုတော့

"Am I one of those you can't trust?" I asked.
wpe41.jpg (994 bytes)

"ကိုကို ထိပ်ဆုံးက" တဲ့လေ။ သူ့နဖူးကို မနာအောင် ထုရင်း ကျွန်တော် လှဲနေရာက ထလိုက်ရတယ်။ ဟာသခွင်ပြီးတော့မယ်။ ကျွန်တော် ပြဇာတ်ထွက်ရတော့မယ်။
+ + + + + + + + + + + +

"You at the top of the list," she replied. While knocking her gently on the forehead I got up from where I was lying down. The comic interlude was about to end. I'd have to go out again to perform.
* * * * * * * * *

wpe42.jpg (994 bytes)

ခါတိုင်းပြဇာတ်ချိန်ဟာ မြင့်နိုင်လေးနဲ့ ကျွန်တော်နဲ့ ရန်ဖြစ်တဲ့အချိန်။ ပြဇာတ်ခန်း တစ်ခုတစ်ခုကြား အပြေး အလွှား အဝတ်လဲရရင် အလွန်နှေးတဲ့ မြင့်နိုင်နဲ့ ကျွန်တော်နဲ့ အဆင်မပြေဘူး။ တစ်ခါတစ်လေ ဘောင်းဘီ မဝတ်ရ သေးဘဲ ဖိနပ်စီးပေးလားပေးရဲ့။ သေနတ်တောင်းတာ လွယ်အိတ်မှားပေးတာနဲ့ ပျာယာခတ်နေတာပဲ၊ ကနေ့တော့ အု ရှိနေတာ မြင့်နိုင်ကို အော်ရ ဟစ်ရ သက်သာသွားတယ်။ ရခိုင်ပုဆိုး လဲပြီးတာနဲ့ ကတီပါဖိနပ် ခင်းပေးတာ၊ တိုက်ပုံလျှိုပေးတာ၊ တစ်ခါတစ်ရံ တိုက်ပုံကြားက ကော်လာကို လက်ကလေးနဲ့ မ ထုတ်ပေး ပေးတာ၊ ဆင်းရဲသားခန်းမှာ နာရီနဲ့ လက်စွပ်ချွတ်ခဲ့ လေလို့ သတိပေးတာလေးတွေပေါ့။ အုဟာ ကျွန်တော် အံ့သြရလောက်အောင် အလိုက်သိတတ်ပါပေရဲ့၊ အင်း ကျွန်တော် သူ့ကို ချစ်မိလာပြီဗျာ။ ယုံသလား၊ မယုံမရှိပါနဲ့။ အု အစ်မတွေက မျိုးရိုးကောင်းတွေ၊ ကျွန်တော့် မှာလဲ အိမ်သူမရှိသေး။ ဖေဖေ မေမေတို့ကလည်း မိန်းမ ယူစေချင်လှပြီ။ ပန်းကုဋေကုဋာကြားက လိပ်ပြာမင်းသား ကျွန်တော့်ကို ပဒိုင်းပွင့်နဲ့ တိုးမှာ စိုးကြတယ်။ မနက်လင်းရင် အုကို အိမ်ခေါ်သွားရင်ကောင်းမလား၊ အုကတော လိုက်ပါ့မလား၊ စိတ်တွေများများနဲ့ ပြဇာတ် ဘယ်လိုပြီးသွားမှန်းမသိ။ နှစ်ပါးခွင်မစခင် အားလပ်ချိန်မှာစင်ပေါ် ဘယ်သူမှ မတက်စေနဲ့လို့ အမိန့် ထုတ်ထားပြီး ကျွန်တော်တွေးငေးနေမိတာ။

Myint Naing and I usually fight when it's time for the play. In between the scenes when I have to change right in the middle of things, Myint Naing, who's so slow, and I don't get along. Sometimes he gives me my sandals when I haven't even got my pants on. When I ask for my gun, he gives me by shoulder bag, and then we have to rush around. But today, with Oo there, I did not have to yell at Myint Naing. By the time I had changed into my Rakhaing loungyi, she had set my sandals out for me and helped my hands into my jacket sleeves, and had even taken out the collar. When it was time to do the part of a poor man, she reminded me to take off my watch and rings. Oo suprised me with how well she knew what to do. I had really started to like her. Can you believe me? Don't doubt me. Oo's big sisters are of good family. I didn't have a wife. My parents have really been wanting me to get married. They worried that their butterfly son will find a poison badaing flower amongst all the blossoms he sees. Should I take her to meet my parents at dawn? Would she come? Thinking these things and more, I didn't know how the play ended. I said that no one should be allowed to come up on the stage during the break before the hnaparthwar started and continued daydreaming.
wpe43.jpg (994 bytes)

"ကိုကို ဒီမှာ" လို့ အသံကြား၊ အတွေးဖြတ် လှည့်ကြည့်မိလိုက်တော့ ပန်းသီး တစ်လုံး ကိုင်ထားတဲ့ အု။ "စားမလား ဟင်" လို့ မေးတယ်။ ကျွန်တော် ခေါင်းညိတ်ပြလိုက်တော့ အုက သူ့လက်ထဲက စတီးဓားလေးနဲ့ ပန်းသီးကို ထက်ခြမ်းခွဲလိုက်တယ်။ အို   ကျွန်တော်ရင်တွေ၊ အုက သူ တစ်ခုယူတယ်။ ကျွန်တော့်ကို တစ်ခု ပေးတယ်။ ကျွန်တော့်ရင်ထဲ တသိမ့်သိမ့်ဖြစ်လာတယ်။ အချစ်ဆိုတာ ဒါပဲလား။ အို ကျွန်တော်က အချစ်ကို မကြံဖူးတဲ့ကောင်မှ မဟုတ်ဘဲ။ ကောင်မလေးတွေအိမ်မှာ၊ ထောက်ကြံ့က ကျွန်တော့် အပန်းဖြေ ခြံထဲမှာ၊ တည်းခိုခန်းတွေမှာ၊ ယုတ်စွအဆုံး ဇာတ်ရုံထောင့်က ကျွန်တော့် အိပ်ခန်းမှောင်မှောင်လေးထဲမှာ။ ဒါပေမဲ့ အခု ဖြစ်တာက အဲဒါနဲ့ မတူဘူး။ ကျွန်တော် အုလက်ကလေးကိုဆွဲပြီး ထိုင်ခိုင်းတယ်။ သူကျွန်တော့်နားမှာ ထိုင်တော့ ပန်းသီးစိတ်ကလေးကို ကျွန်တော် ထောင်ပြလိုက်တယ်။

I heard someone say, "Here, Big Brother." I stopped dreaming, looked and saw Oo holding out an apple. She asked if I'd have some. I nodded my head, and with the steel knife in her hands, she cut it up into pieces. My heart started pounding. Oo took a piece and gave me another. I was quivering inside. Wasn't that love? I'm not a guy who's never known love -- at home, with women, in my pleasure gardens Htauk Kyan, in the rooms I put up in, at least in the dark of my room in the corner of the theater. But what was happening now wasn't the same as that. I took her by the hand and sat her down. Sitting down near her, I set a trap for her with the apple.
wpe44.jpg (994 bytes)

"ကိုကို စားရမလားဟင်"

"Am I supposed to eat this?"
wpe45.jpg (994 bytes)

"စားစေချင်လို့ ခွဲပေးတာ ကိုကိုက"

"I cut it up for you to eat."
wpe46.jpg (994 bytes)

"မဟုတ်ဘူးလေ ဟို အာဒမ်းနဲ့ ဧဝက ဧဒင်ဥယျဉ်ထဲမှာ ပန်းသီး စားကြတယ်၊ အုနဲ့ ကိုကိုက ဇာတ်စင်ပေါ်မှာ ပန်းသီးစားကြမလားဟင်"

"No, we're eating apples like Adam and Eve did in that garden. Should we have the apple on the stage?"
wpe47.jpg (994 bytes)

သူ ပါးစပ်လေးဟ မျက်လုံးလေး ဝိုင်းသွားတယ်။

Her little mouth opened wide and her eyes got big.
wpe48.jpg (994 bytes)

"ဟင် ကိုကို မကောင်းဘူးကွာ" ဆိုပြီး၊ တစ်ဖက်ကို လှည့်သွားတယ်။ ကျွန်တော့်ဘက်ဆွဲလှည့်တော့ လူကလေးက လည်လာပါရဲ့။ ခေါင်းလှည့်မလာဘဲ ဆံပင်တွေနဲ့ မျက်နှာကို ဖုံးထားတယ်။ ကျွန်တော် ဆံပင်တွေအတင်း ဆွဲဖယ်နေတုန်း အရေးထဲမှာဗျာ နှစ်ပါးသွားထွက်ဖို့ အချက်ပေး ဆိုင်းသံကြီးက ဂျီးဆိုပြီး မြည်ဟီးပေါ်လာတာ အမြဲကြားနေကျ။ ကျွန်တော်က ဘယ်လိုများ လန့်ပြီး လွှတ်ပေးလိုက်မိပါလိမ့်။ ကောင်မလေးက လွတ်သွားပြီး အခန်းထဲက ထွက်ပြေးသွားတယ်။ ဖိနပ်ပါးပါးကလေးကို ကသောကမျောစီး ပြီး စင်ပေါ်ကကို ဆင်းပြေးသွားတာ၊ ကဲ အေးရော။ ကျွန်တော် လောသွားပြီ။

"You're bad," she said and turned away. I turned her to my side and her body turned to me. However, she didn't turn her head, her hair covering her face. Just as I was taking up her hair, right in the middle of things the sound of the orchestra telling me it was time for the hnaparthwar swelled. Although that noise was familiar with me, for some reason I was startled and somehow let go of her. She got free and ran into the room. She slipped into her thin little sandals in a hurry and just ran out of the theater. Wow, I messed up. I went too fast.
wpe49.jpg (994 bytes)

နှစ်ပါးခွင် တစ်ဝက်ကျိုးတဲ့ထိ သူပြန်မလာဘူး။ ကျွန်တော့်မှာ ကရဆိုရတာတောင် မဖြောင့်ဘူး။ စိတ်တိုရင် အကျင့်ရှိတဲ့အတိုင်း ဟိုဟာ လွှင့်ပစ် ဒီဟာ လွှင့်ပစ် လုပ်နေလို့ မြင့်နိုင်က စပ်ဖြဲဖြဲနဲ့ တစ်ခုချင်း ကောက်နေရတယ်။ ကျွန်တော် သူ့မျက်နှာကို အမြင်ကတ်လာတာနဲ့ "မင်းမျက်ခွက်က ဘာဖြစ် နေတာလဲ" ဆိုပြီး လက်သီးနဲ့ ရွယ်နေတုန်း မြင့်နိုင်က အပေါက်ဝဘက်ကို လက်နဲ့ပြတယ်။ ကျွန်တော် ချက်ချင်း လှည့် ကြည့်တော့ အုရယ်လေ။ လက် ကလေးနှစ်ဖက်ပိုက်လို့ ကုပ်ကုပ်လေး အခန်းထဲ ဝင်လာတယ်။ ဟုတ်တာပေါ့။ သာကေတရုံက လေတအားတိုက်တာ။ ညနက်ပိုင်း ရောက်တော့ အမည်းရောင်ဇာဝမ်းဆက်ကလေးနဲ့ အု ချမ်းရှာမှာပေါ့။ ကျွန်တော် ပျာယာ ခတ်သွားတယ်။ င်းကျီတန်းတွေ လိုက်ကြည့်တယ်။ စောစောက ခြုံထည် ပဝါကြီး၊ မဖြစ်ပါဘူး။ ကျွန်တော် ချွေးစော်တွေ နံနေမှာ။ သက္ကလတ် လောင်းကုတ်ကြီး၊၊ ဒါလဲ မဖြစ်ဘူး။ ကျွန်တော့်စိတ်နဲ့ တွေ့သွားတာက သားရေဂျာကင် အဖြူလေး။ လှမ်းယူပြီး အုကို တယုတယ ခြုံပေးမိတယ်။ ကောင်းမလေးက မှုန်တေတေနဲ့ ပါးစပ် လက်ကလေးနဲ့ကာပြီး သမ်းတယ်။

She didn't come back until the hnaparthwar was half over. It was all I could do to dance and sing. Like always when I get short temper, I started throwing things around and Myint Naing wore a silly grin on his face. I couldn't stand the sight of him and said, "What's wrong with your face?" I made a fist and Myint Naing pointed me towards the door. I suddenly turned and looked -- there was Oo. She came unobtrusively into the room with her little arms crossed. Of course. The wind was blowing hard at this  Thaketa Theater. Now that it was night, Oo would be getting cold in her dark matching htamain and blouse. I got into a flurry. I looked over at the row of shirts. There was her shawl from before -- that wouldn't work, it would be smelly from my sweat. What about my heavy long coat? No, that wouldn't work, either. My thoughts turned to my white leather jacket. Grabbing it, I gave it tenderly to Oo. She glumly covered her mouth with her little hand and yawned.
wpe4A.jpg (994 bytes)

"အိပ်ချင်ရင်အိပ်လေ အု၊ ကိုကို့ အခန်းထဲမှာတော့ မအိပ်နဲ့၊ တော်ကြာ အုကို အထင်မှားနေကြမယ်၊ ဒီနေရာမှာပဲ လှဲနေ၊ မြင့်နိုင် စောင်တွေ ခေါင်းအုံးတွေ ချပေးကွာ"

"If you want to go to sleep, go ahead, Oo. But don't do it in my room. People will get the wrong idea and talk. Just lie down here. Myint Naing, please bring her a blanket and pillow.
wpe4B.jpg (994 bytes)

အုကို စီစဉ်ပေးခဲ့ပြီး ကျွန်တော် တစ်ပိုဒ် ထွက်ကရပြန်တယ်။ ပြန်ဝင်လာတော့ အုက ကျွန်တော့် မှန်ရှေ့မှာတင် လှဲအိပ်နေပြီး စောင်ကလေးခြုံလို့၊ မျက်လွှာကလေး ပိတ်လို့။ အုလို့ တိုးတိုးကလေး ခေါ်လိုက်မိတော့ မျက်လုံးလေးက တဖြည်းဖြည်းပွင့်လာတယ်။

After I got Oo settled, I went out to sing another song. When I went back in, Oo was lying covered in a blanket with her eyes closed in front of my mirror. I called her name quietly and she slowly opened her eyes.
wpe4C.jpg (994 bytes)

"အိပ်လိုက်နော်၊ မနက်ကျရင် ကိုကို လိုက်ပို့ပေးမယ် ဟုတ်လား"

"Keep sleeping. I'll take you home in the morning, okay?"
wpe4D.jpg (994 bytes)

သူ့မျက်နှာပေါ်က စီးမိုးပြောနေတဲ့ ကျွန်တော့် မျက်လုံးကို သူ စိုက်ကြည့်နေတယ်။ ပြီးမှ ခေါင်းညိတ်ပြတယ်။ ပျော်သွားပြီ။ ကျွန်တော်လိုချင်တာ ဒီ လိုက်လျောမှုပဲလေ။ အဲဒီညက နှစ်ပါးသွားကလို့ ကောင်းလိုက်တာ။ က လိုက်၊ ပုဆိုး ဝင်လဲရင်း အိပ်နေတဲ့ အု မျက်နှာလေးကို ကြည့်လိုက်နဲ့ တဖြည်းဖြည်း ကျွန်တော့် နှစ်ပါးခွင်ရဲ့ အရှိန်အမြင့်ဆုံး အမြူးကြွဆုံး နောက်ဆုံးပိုင်းကို ရောက်လာတယ်။ ဒီအချိန်ဟာ ပရိသတ် အမြူးဆုံး လက်ခုပ် အရဆုံး အချိန်၊ ကျွန်တော်ကလည်း ပင်ပန်းတာကို ရုမထား၊ အားနဲ့ မာန်နဲ့ အကြမ်းပတမ်း ခုန်ပေါက်ဖျော်ဖြေဆုံးအချိန်။ ဒီလိုကရင် ကျွန်တော် ဝတ်ထားတဲ့ စိန်၊ ရွှေ အစစ်တွေ ပြုတ်ကျတတ် လွန်းလို့ ချွတ်ပြီး မြင့်နိုင်ကို ပေးထားလေ့ရှိတယ်။

She stared at my eyes while I was bending over her to talk.  She nodded. I was so happy she consented to my wishes. I danced the hnaparthwar really well that night. While I was in the room to change my pahso, I looked at Oo's sleeping eyes. Gradually, the last and most joyous part of the hnaparthwar reached. This is when I'd get the liveliest clapping from the audience. I ignored how tired I felt. Filled with strength and pride, it was a time for me to jump and cavort around the stage. When I dance like that I tend to lose my diamond and gold buttons, so I always take them off and give them to Myint Naing.
wpe4E.jpg (994 bytes)

အခုလည်း မှန်ရှေ့မှာ ရွှေဆွဲကြိုး ရွှေခေါင်းပေါင်းထိပ်စည်း၊ စိန်နားကပ်၊ ရွှေလက်ပတ်တို့ကို ဖြုတ်ပေးအပြီး စိန်လက်စွပ်က ကျပ်နေလို့ လှည့်ချွတ်နေတုန်း ချွတ်လို့ရလုခင်ကလေးမှာ အင် ဆိုတဲ့ ညည်းသံလေးကို ကြားလိုက်ရတယ်။ ကျွန်တော် လှမ်းကြည့်လိုက်မိတော့ အု ရယ်လေ၊ ကျွန်တော့်ဘက် စောင်းလျက် အိပ်ပျော်နေရာက ယောင်ညည်းရင်း ပက်လက်လှန်လိုက်တယ်။ လည်တိုင်ကလေး စောင်းနေတာလှလိုက်တာဗျာ၊ အသက်ရှူတောင် မှား သွားတယ်။ ပါးရိုးကလေး ကျနေပုံကလည်း အဆင်ပြေ၊ ဖွေးဖွေးဥနေတဲ့ ပါးမို့ ကလေးတွေကလည်း မီးရောင်အောက်မှာ ကျွန်တော့်ကို ဖိတ်ခေါ်နေကြသလိုပဲ၊ ရုတ်တရက်ကြီး ကျွန်တော် စိတ်လွတ်သွားပြီး ပါးကလေးကို ငုံ့နမ်း လိုက်မိတယ်။ ပြီးမှ နိုးသွားသလားလို့၊ လန့်လိုက်တာ။ တော်ပါသေးရဲ့ ကိုယ်ကိုပြန်မတ်ပြီး ပါးစပ်ကြီးဟ၊ ငေးကြည့်နေတဲ့ မြင့်နိုင်လေး ပခုံးကို မနာအောင် လက်သီးနဲ့ ထိုးခဲ့ပြီး စင်ရှေ့ထွက်လာခဲ့တာပေါ့။ အပျော်တွေ စီးမျောပြီး ဒီနေ့ည ခုန်ပေါက်ကလို့ ကောင်းလိုက်တာ။

So now after I had left him with my gold necklace, gold headband, diamond studs and gold bracelets, I heard a small murmured "hunh" while trying to work off my diamond ring which was so tight. When I looked, it was Oo. She was sleeping on her side, facing me and murmuring while she rolled on her back. The curve of her neck was so pretty it made me catch my breath. The curve of her cheeks fell together nicely, and under the light the apples of her cheeks seemed to call out invitingly. Suddenly I threw caution to the wind, bent over and kissed her lightly on the cheek. Then I panicked, thinking she'd wake up. Reassuring myself it was okay, I punched Myint Naing, who was staring at me with his mouth open, lightly on the shoulder and went back out to the front of the stage. Floating on my happiness, I danced jumping high.
wpe4F.jpg (994 bytes)

နှစ်ပါးသွားပြီးတော့ မိုးစင်စင်လင်းလုနေပြီ။ နှုတ်ဆက်သီချင်း ဆို၊ ပန်းတွေပွေ့ပြီး ပြန်ဝင်လာတော့ အု နိုးနေပြီ။ မျက်နှာကလေးမို့လို့။ ပါးကလေးတွေ ဖောင်းအစ်၊ ဆံပင်ကလေး ဖရိုဖရဲ။ အိပ်ချင်မူးတူးနဲ့ လှတဲ့ ကောင်မလေးများ အိပ်ရာ ထစလဲ လှတာပဲနော်။ အုနဲ့ စကားမပြောနိုင်ဘူး။ ပွဲကြည့်ပြီးအပြန် စီစီညံညံနဲ့ စင်ပေါ်တက်နှုတ်ဆက်ကြတဲ့ ဧည့်သည်တွေနဲ့ စကားပြောရသေးတယ်။ မမကြီးတို့ တစ်သိုက် နှုတ်ဆက်ထွက် ခွာသွားတော့မှ ကျွန်တော် မျက်နှာသစ် မိတ်ကပ်ဖျက်ရတယ်။ ကျွန်တော် အဝတ်အစားရွေးနေတုန်း "အစ်ကို" ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ အေးစန္ဒာကလည်း ကွာအရေးထဲမှာ။ ဒီမင်းသမီးကလည်း "ကဲ လာလာ" ဆိုတော့ အေးစန္ဒာက ဝင်ထိုင်တယ်။ အု ရှေ့မှာ အေးစန္ဒာနဲ့ ငွေရေးကြေးရေးပြောရမှာ ကျွန်တော် ဆိုင်းငံ့နေတုန်း အုက ထလိုက်တယ်။ ခါးကလေးကို နွဲ့ယိမ်း အညောင်းဆန့်ရင်း သူ ကိုယ်ပေါ်မှာ ခုထိ ခြုံထားဆဲဖြစ်တဲ့ ဂျာကင် အဖြူလေးကို လက်လျှိဝတ်လိုက်တယ်။ ခြေလှမ်းလေးလေးနဲ့ ထွက်သွားပြီး "အောက် ခဏဆင်းမယ် ကိုကို" တဲ့။ ဖိနပ် စီးရင်းနဲ့ "ဟင် အု ဖိနပ်လေး တစ်ဖက်ရော" တဲ့။ မေးပြော ပြောတယ်။ ကျွန်တော်နဲ့ မောင်မြင့်နိုင်တို့ သွားကြည့်တော့ ဟုတ်ပါရဲ့၊ သူ့ကတ္တီပါဖိနပ် မည်းမည်းလေး တစ်ဖက် မရှိတော့ဘူး။ ဧည့်သည်တွေ တိုက်ချသွားလို့ စင်အောက်ကို ပြုတ်ကျသွားတယ် ထင်ပါရဲ့။ ငိုမဲ့ငိုမဲ့ ဟိုကြည့် ဒီကြည့် ဖြစ်နေတဲ့ အုကို အေးစန္ဒာတောင် သနားသွားပါတယ်။ "ခဏပဲ မဟုတ်လား ညီမလေး၊ မမဖိနပ် စီးသွား" လို့ စေတနာ ပိုနေတယ်။ ကျွန်တော် အေးစန္ဒာကို ကျေးဇူးတင်လိုက်တာ။ ကျွန်တော့် ဖိနပ်ပေးရင် တောင်မှ ယောက်ျားစီးမို့ အု မစီးတတ်ဖြစ်နေဦးမယ်။ အုက အေးစန္ဒာရဲ့ ဒေါက်ဖိနပ်အသစ် ကလေးကို စွပ်ရင်းနဲ့ မမဖိနပ်က လှလိုက်တာလို့ ချီးမွမ်းနေတယ်။

The dawn was beginning to break when the hnaparthwar was over. I sang the farewell song, the time I went back into the room with flowers in my arms, Oo was up. Girls who have just gotten up are so cute with their puffy little eyes and cheeks, their hair all tousled. I couldn't say anything to Oo. After the pwe I had to greet and chat with all the guests. I had to wash off my makeup after the big group of my girls left. While I was choosing something to change into, I heard someone call "Big Brother," and turned to see Aye Sandar, coming right in the middle of things. This girl, I tell you. "Okay, here," I said, and she came and sat down. While I was talking reluctantly about money with Aye Sandar, Oo got up. Bending at the waist to stretch, she put on my white leather jacket which she had used to cover herself with. As she walked out in little steps, she called back, "I'm going out for a minute, Big Brother." She was putting on her sandals when she asked, "Hey, where's my other sandal?" Myint Naing and I went to take a look. One of her dark velvet sandals was missing. Maybe one of the guests had accidentally knocked off the stage and it was down below. Even Aye Sandar felt bad for Oo who was bending over to look all around. "It's just for a minute, right? Little Sister, take my sandals," she offered. I felt very grateful to Aye Sandar at right then. It wouldn't have worked if I had given Oo my sandals -- they'd be too big for a woman. When she put on Aye Sandar's high-heeled sandals, Oo enthused, "Your sandals are so pretty, Big Sister."
wpe50.jpg (994 bytes)

"မမ သူငယ်ချင်းက လက်ဆောင်းပေးတာလေ။ တစ်ထောင်ကျော်တယ် ညီမလေးရဲ့" လို့ အေးစန္ဒာက မင်္ဂလာယနေသေးတယ်။ အု ဆင်းသွားပြီး ကျွန်တော် အေးစန္ဒာနဲ့ ငွေစာရင်းရှင်း ကြတယ်။ ကျွန်တော် ပေးဖို့ရှိတဲ့ငွေ ပေးဖို့ သေတ္တာဖွင့် ယူပြီး အေးစန္ဒာကို ပေးလိုက်တယ်။ သေတ္တာထဲမှာ မြင့်နိုင်လေးသိမ်းထားတဲ့ လက်ဝတ် လက်စားတွေ တစ်ခုချင်း ပြန်ဝတ်ရတယ်။ ရွှေဆွဲကြိုးနာရီ၊ ရွှေလက်ပတ်ကြိုး၊ လက်စွပ်ရော၊ စိန်လက်စွပ်။

"A friend of mine gave me them. They were over a thousand kyats, Little Sister," Aye Sandar replied proudly. After Oo went down, I took care of the money matter with Aye Sandar. I opened up my metal box to get the money and gave it to her. I thought to put back on all the jewellery I had given to Myint Naing for safe keeping, my gold chain, my watch with the gold wristband, my ring, the diamond rings.
wpe51.jpg (994 bytes)

"မြင့်နိုင်ရေ ငါ့လက်စွပ်ရော"

"Myint Naing, what happened to my ring?"
wpe51.jpg (994 bytes)

"ဟာ အစ်ကို ကျွန်တော့်ပေးတဲ့ အထဲမှာ မပါဘူး" မင့်နိုင်ဖြေပြီး အနား ရောက်လာမှ စဉ်းစားမိပြီး ကျွန်တော် ပြုံးမိတယ်။ ဟုတ်တယ်လေ၊ အုကို ငုံ့နမ်းရင်း လက်စွပ်ချွတ်ဖို့ မေ့သွားတာ၊ နောက်တစ်ခေါက် ပုဆိုးလဲမှ ပြန်ချွတ်ရတော့ မြင့်နိုင်ကို မအပ်တော့ဘဲ မိတ်ကပ်ဖျက်တဲ့ ကရင်းဘူးပေါ်မှာ တင်ထားခဲ့တာ၊ ဘူးပေါ်မှာ ကြည့်တော့ လက်စွပ်ကမရှိ၊ အောက်ကျနေ သလားဆိုတာ့လည်း မိတ်ကပ် သေတ္တာထဲမှာ မရှိ။ သေတ္တောတစ်ခုလုံး မှောက်ချရှာတော့လည်း မတွေ့။ ကျွန်တော် စိတ်ပူစပြုလာပြီ။ ပုဆိုးခေါက် တွေပေါ်မှာလည်း မရှိ။ မြင့်နိုင်နဲ့ ကျွန်တော် နှစ်ယောက်သား မွှေနှောက် ထပ်ရှာ။ ဘယ်မှာမှ မတွေ့။

"That wasn't with the stuff you gave me," he replied and came over to me. Then I thought and smiled. That's right, I forgot to take off my ring when I bent over to kiss Oo. The last time I came in to change my pahso I took it off to give to Myint Naing, but instead of giving it to him, I put it on top of the jar of facial crème while I was fixing my makeup. When I looked on top of the jar, it wasn't there. It hadn't fallen off and wasn't inside the jar, either. I couldn't find it even after dumping out the whole metal box. I started to get worried. It wasn't on top of any of the folded pahsos, either. Together Myint Naing and I looked through everything once more. It was nowhere to be found.
wpe52.jpg (994 bytes)

"အစ်ကို၊ ဘာရှာနေတာလဲ" အေးစန္ဒာ မေးတယ်။

"What are you looking for, Big Brother?" asked Aye Sandar.
wpe53.jpg (994 bytes)

စိန်လက်စွပ်လို့ ကျွန်တော် တုန်တုန်လှုပ်လှုပ် ဖြေတယ်။ လက်ကသာ ရှာဖွေနေရတယ် စိတ်ထဲက တော့ လက်စွပ် ပျောက်ပြီ ဆိုတာ သေချာတယ်။ ပျောက်ရင် ဘယ်သူ ယူပါ့မလဲ။ ဒီမှာ ကျွန်တော်နဲ့ မြင့်နိုင်က လွဲပြီး ကျန်တဲ့လူက အု။ ဪ အုများတွေ့လို့ သိမ်းထားလား မသိဘူး။ မေးကြည့်ရဦးမယ်။ အုကလည်း ကြာလိုက်တာ။ ကျွန်တော် သူ ပြန်တက်အလာကို စောင့်ရတာ စိတ်မရှည်တော့ဘူး။

My diamond ring I responded, trembling. My hands were still looking, but my head knew it was lost. If it was lost, who could have taken it? The only person left besides Myint Naing and me was Oo. Oh, maybe Oo was keeping it for me. I'd ask her. She was taking a long time, though. I couldn't wait any longer for her to return.
wpe54.jpg (994 bytes)

"မြင့်နိုင်၊ အုကို သွားခေါ်ချည်စမ်းကွာ"

"Myint Naing, go find Oo."
wpe55.jpg (994 bytes)

"ဟုတ်ကဲ့ အစ်ကို" မြင့်နိုင် အပြေးအလွှားဆင်းသွားတယ်။ ကျွန်တော်နဲ့ အေးစန္ဒာ နှစ်ယောက် သား အုကို စောင့်နေကြတယ်။ တစ်မိနစ်ပြီး တစ်မိနစ်သာ ကုန်သွားတယ်။ အုလည်း မလာ၊ မြင့်နိုင်လည်း မပေါ်လာဘူး။ ကျွန်တော် သည်းမခံနိုင်တော့ဘူး။ တောက် တချက်ခေါကပြီး စင်ပေါ်ကဆင်း၊ ဇာတ်ရုံ နောက်ပေါက်ကို လျှောက်လာတယ်။ ဖိနပ်မပါတဲ့ အေးစန္ဒာလည်း ကျွန်တော့်နောက်က ကပ်ပါလာတယ်။

"Okay." Myint Naing ran off as fast as he could. Aye Sandar and I waited for Oo together. The minutes dragged by one after the other. She didn't come back. Myint Naing didn't reappear, either. I couldn't stand it any longer. I clucked my tongue and went down. I walked to the rear entrance of the theater. Aye Sandar, who had no sandals, followed close behind.
wpe56.jpg (994 bytes)

ရုံနောက်ဖက်ပေါက်ဝမှာ မြင့်နိုင်လေးကို မျက်နှာပျက်ပျကနဲ့ တွေ့ရတယ်။ မြင့်နိုင်နားမှာ မမကြီးတို့ အုပ်စု။ သူတို့ပြန်သွားတာ ကြာလှပြီ၊ ဘာလို့ ပြန်ဝင်လာကြတာလဲ။ အုရော၊ အု ဘယ်မှာလဲ။ ဒီလူစုထဲမှာ အုကို လုံးဝမတွေ့ရတော့ပါ။ ကျွန်တော် ခေါင်းတွေ ပူထူလာတယ်။ အဖြေကို ကျွန်တော် ရိပ်မပါပြီ။ မမကြီးတို့ ဆူညံနေအောင် တစ်ယောက်တစ်ခွန်း ပြောကြတယ်။ ဇာတ်ရုံထဲမှာ ဇာတ်သမားတွေလည်း ကျွန်တော်တို့ နားမှာ အုံလာတယ်။ လူအုပ်ထဲမှာ နေရတာ အသက်ရှူကျပလိုက်တာ။ စကားတွေကလည်း ကျွန်တော့်ကို ထိုးစိုက်နေကြတယ်။

Behind the theater at the rear entrance I found Myint Naing looking dejected. There was a big group of my girls around him. They'd gone home a long time ago -- what were they doing back here for? What about Oo? Where was she? I couldn't find here anywhere in the crowd. I was getting worried. The answer began to cast a shadow over me. The girls were all talking at once, making quite a racket. The other actors started gathering around from inside the theater. It was getting hard to breathe inside the crowd. All the talk was jabbing at me.
wpe57.jpg (994 bytes)

"စိန်လက်စွပ်တင် ရှစ်သောင်းကျော်တယ်" မြင့်နိုင်ရဲ့ ဒေါသသံ။

I heard Myint Naing exclaim, "That diamond ring cost over 80,000 kyat."
wpe58.jpg (994 bytes)

"ဂျာကင်ဖြူလေးက လှက လှသနဲ့၊ ခြောက်ထောင်ကျော်မယ်နော်" မမကြီးရဲ့ အသံ။

"And that pretty white leather jacket -- it had to be worth over 6,00 kyat," said one of the girls.
wpe59.jpg (994 bytes)

"အမလေး၊ ကျွန်မ ဖိနပ် အဆစ်ပါသွားသေးတယ်ရှင့်" အေးစန္ဒာရဲ့ နှမြောတမ်းတသံ။

"Hey! And my white sandals to boot!" Aye Sandar exclaimed sadly.
wpe5A.jpg (994 bytes)

"အဲဒီကောင်မလေးက သုတ်သုတ်နဲ့ လမ်းပေါ်တက်လာပြီး ကျွန်မတို့ ငှားမဲ့ ကားကို ဖြတ်တားတာ။ ဒီလိုမှန်းသိ ဖမ်းထားလိုက်ပါတယ်" ကောင်မလေးတစ်ယောက်ရဲ့ သူခိုးပြေးမှ ထိုးကွင်းထ သံ။

"That girl was walking down the street pretty quickly and stopped the car that we planned to rent. If we had known she was like this, we could've caught her," said one of the girls, locking the barn doors after the cows had escaped.
wpe5B.jpg (994 bytes)

"ရဲစခန်းတိုင်မလား ဟင်" လို့ မန်နေဂျာက မေးပြောပြောတာကိုတော့ ခေါင်းခါပစ်လိုက်တယ်။ အားလုံးကို စွန့်ခွာကျောခိုင်း ဥပေက္ခာပြုပြီး စင်ပေါ်ကို ကျွန်တော် ပြန်တက်လာခဲ့တယ်။ ထူးဆန်းစွာပဲ ကျွန်တော် ဒေါသမဖြစ်မိဘူး။ ရင်ထဲမှတော့ တစ်စုံတစ်ရာ လစ်ဟာပျောက်ဆုံးသွားသလိုပဲ ခံစားရတယ်။ ယိုင်နဲ့နေတဲ့ ခြေလှမ်းတွေနဲ့ မိတ်ကပ်ခန်းဝကို ရောက်တော့ ပွစာကြဲကျန်ခဲ့တဲ့ အုရဲ့ ပစ္စည်းလေးတွေ။ ယိုးဒယားခြင်း ဓာတ်ဘူး၊ ပလာာအိတ်၊ စတီးဓားနဲ့ ပန်းသီးတွေ။ ဪ ပြီးတော့ မှောက်ကျနေတဲ့ ဝတ္တု စာအုပ် လေးတစ်အုပ်။ ကျွန်တော် အမှတ်မဲ့ကောက်ယူပြီး အဖုံးကို ကြည့်လိုက်တယ်။ ပန်းသာမစာအုတဲ့။

"Should we report her to the police?" suggested the manager, half asking, half stating, but I shook my head. Turning my back on everyone, and ignoring them, I went back up on the stage. Strangely, I felt no anger. In my heart, though, it felt empty, like nothing was there. Dragging my feet, I got to the entrance of my makeup room and saw the Oo's things left here and there -- her plastic bag, her thermos, the parahta container, her steel knife and apples. Oh, and then her book, turned over. For some reason I picked it up and looked at the cover. It said "Ma Sa-Oo from Pantha."
wpe5C.jpg (994 bytes)

"အုတို့ မိန်းမတွေတော့ ဒီစာအုပ်က သင်ခန်းစာရတယ်။ ယောက်ျားဆို ဘယ်သူမှ မယုံရဘူး" တဲ့။ အု ညကပြောတဲ့ စကားတွေ။

"Girls like us have learned something from this book. Don't trust any men." Oo's words from last night came back to me.
wpe5D.jpg (994 bytes)

ခုနေများ အုကို တွေ့ရင် ပြောလိုက်ချင်ပါရဲ့။
"မိန်းမဆိုရင်လည်း တော်တော်ဆင်ခြင်ပြီးမှ ယုံဖို့ ကိုကို့ကို အုက သင်ခန်းစာပေးခဲ့တာလား" လို့ပါ။ ဒါပေမဲ့ အုက မရှိတော့။ ကျွန်တော် ညက အု အုံးသွားတဲ့ ခေါင်းအုံးပေါ် ပစ်လှဲချရင်းနဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဝင်စားနေမိတယ်။ အု ကစေချင်တဲ့ ပန်းသာမစာအုဇာတ်လမ်းတော့ မဟုတ်။ အုနဲ့ ကျွန်တော်ရဲ့ တကယ့် အဖြစ်အပျက်ကို ဇာတ်က စာရေးဆရာကို ဇာတ်ညွှန်း ခွဲခိုင်းပြီး ကျွန်တော် ပြဇာတ်ကမယ်။ ပြဇာတ်နာမည်ကို ဒီလို ပေးရင် ကောင်းမလားဗျာ။

If I met Oo right now, I'd have something to say to her. "Did you try to give me a lesson to trust a woman after a very careful consideration?" But Oo wasn't there. I thought about a story while I was lying back on the pillow Oo had given me for my head. It wasn't the Ma Sa-Oo from Pantha that Oo told me. I would tell the story about what really happened between her and me to a playwright and put it on. What do you think of this name for it?
wpe5E.jpg (994 bytes)

ပန်းသာမစာအုနှင့် ကိုဒေဝ(သို့မဟုတ်)သူမနှင့် ကျွန်တော်။

"Ma Sa-Oo from Pantha and Ko Dewa (or) Her and Me."

ယဉ်ယဉ်နု (မန္တလေး)

Yin Yin Nu (Mandalay)