sound.gif (2534 bytes)


မလဲ့လက်ကောက်

ဝင်းဖေရေးတယ်

ကျော်သူခေါ် ပက်ထရစ်မက်ကောမ်မစ် ဘာသာပြန်တယ်


Ma Le's Bracelets

Written by Win Pe

Translated by Patrick McCormick

sound.gif (2534 bytes)


    သူ့ကို ကျွန်တော်တို့က လေသန်းလို့ ခေါ်ကြတယ်။


    We called him "Lay Than." 
sound.gif (2534 bytes)


    လေများလွန်းလို့ စကားများလွန်းလို့ လေသန်းလို့ ခေါ် ကြတာ မဟုတ်ပါဘူး။ သူက လေများတယ်လို့ ပြောလောက်အောင် စကားများသူ လေတလုံး မိုးတလုံး ပြောတတ်တဲ့သူ မဟုတ်ပါဘူး။


    It was not because he had a problem with air, or talked too much.   He was not a person who bragged a lot, either.
sound.gif (2534 bytes)


    ဒါဖြင့် ဘာလို့ လေသန်းလို့ ခေါ်ကြတာတုန်း။ သူ့နာမည်က ကိုရွှေသန်းပါ။


    So why did we call him Lay Than?  His real name was Ko Shway Than.
sound.gif (2534 bytes)

    သူက ရုံးဝန်ထမ်းတစ်ယောက်ပါ။ ဒါပေမယ့် သူ့ဝါသနာအရ ဆက်ကဆိုဖုန်းဆိုတာကြီးကို မှုတ်တတ်ပါတယ်။ ဆက်ကဆိုဖုန်းဆိုတာက အင်္ဂလိပ် နှဲကြီးတစ်မျိုးပေါ့ဗျာ။ သတ္တုအဖြူနဲ့ လုပ်ထားတယ်။ မြန်မာနှဲကြီးလို တည့်တည့်ကြီး မဟုတ်ဘူး။ ခပ်ကွေးကွေး ကောက်ကောက်ကြီးပဲ။ စက်ခလုတ်တွေလဲ အများကြီး တပ်ထားတယ်။ ဘော်ဘော်နဲ့ မြည်တယ်။ အဲဒီ ဆက်ကဆိုဖုန်းကြီးကို မှုတ်နေတဲ့အခါမှာ တော်တော်တော့ ဘဝင်မြင့်စရာကောင်းတယ်။ အဲဒီပစ္စည်းကြီးက မြန်မာနှဲကြီးထက် သုံးလေးဆလောက်ကြီးတယ်။ သတ္တုအဖြူရောင် ပြိုးပြိုးပြက်ပြက်နဲ့ စိတ်ဝင်စားစရာ။ အထင်ကြီးစရာ ကောင်းတယ်။ အသံကလည်း တဘော်ဘော်နဲ့ မြည်တယ်။ အဲဒါကြီးက အနောက်တိုင်းလေမှုတ် ဂီတတူရိယာ တစ်ခုပါပဲ။ အဲဒီ လေမှုတ် ပစ္စ်းကြီးကို အစွဲပြုပြီး ကိုရွှေသန်းကို ကျုပ်တို့က လေသန်း လို့ ခေါ်ကြတာပါ။


   He was a public servant working in an office.  But his hobby was to play a big "saxophone."  The saxophone is a big, English version of Burmese hne:.  It's made of silver metal.  It's big and curved instead.   There are a lot of mechanical buttons attached to it.  It goes, "baw baw."  The player looks rather conceited when he's playing.  The big thing is about three or four times larger than a Burmese hne:.  It's fascinating with its glittering, flashing silver metal.  It's hard not to be impressed when you see someone playing one.  The sound it makes is "baw baw."  It's one kind of Western wind instruments.  We called him "Lay Than" based on him playing that great wind thing.
sound.gif (2534 bytes)


    လေသန်းက သူ့ကိုယ်သူကိုသန်း ကိုသန်းနဲ့ ထည့်ထည့် ပြော တတ်တယ်။   "ကိုသန်းပြောချင်တာက ဒီလိုပါ။ ကိုသန်းပြောချင်တာ က ဒီလိုလေ"


   Lay Than had a habit of referring to himself in the third person as "Ko Than, Ko Than," saying, "Ko Than means..."
sound.gif (2534 bytes)


    အဲ၊ အဲလို လေမျိုး။ လေသန်းက ရုံးမှာ ဘီစီစကေး ရတယ်လေ။ တစ်ခေတ်တစ်ချိန်က ဘီစီဆိုတာ ဘယ်ဆိုးလိမ့်မလဲ။ အဲဒီရုံးမှာကို အပျော်ထမ်းတူရိယာဝိုင်း ရှိတယ်။ လေသန်းက ဆက်ကဆိုဖုန်း မှုတ်တာတော်လို့ အလုပ်ခန့်ထားတာပဲ။ ရုံးတာဝန်ထက် ဂီတဝိုင်း ဖြစ်မြောက်ရေး ကိစ္စက ပိုအရေးကြီးတာပဲ။

  
  He was that kind of wind. Lay Than had gotten on the B.C. scale at his office.  In an earlier time, how bad could a B.C. person have been?  They had a group of amateur musicians in his office.  Lay Than was given employment there just because he was good at playing the saxophone.  Having a music group was more important to them than their office responsibilities.
sound.gif (2534 bytes)


    လေသန်းရဲ့ဇနီးက မလဲ့ တဲ့။ ရိုးရိုးအေးအေးလေးပါပဲ။ လေသန်းကိုလည်း ကြောက်ရတယ်။ လေသန်းက တခါတလေ မထင်ရင် မထင်သလို အရိုက်ကြမ်းတယ်။ အဲဒီတော့ ကြောက်ရတာပေါ့။ ဒါပေမယ့် များသောအားဖြင့်ကတော့ လေချိုလေအေးတွေနဲ့ပါပဲ။ တကယ်လည်း ဟုတ်တာမဟုတ်ပါဘူး။ အဲ လေချိုအေးလေးနဲ့ ပြောလို့မှ အဆင်မပြေတော့ဘူးဆိုရင်တော့ တီးတော့တာပဲ။ လက်သံပြောင်ပြောင်နဲ့ကို ဗြင်းတတ်တာဆိုတော့ မလဲ့လည်း ကြောက်နေရတာပေါ့။


    Lay Than's wife was called Ma Le.  She was calm and quiet.   She was afraid of Lay Than.  Sometimes Lay Than hit her for no reason.  Of course she was afraid of him then.  But most of the time Lay Than used gentle and soft words.  He really did not mean it.  He'd hit her when sweet and gentle words didn't work.  He hit her so cruelly that Ma Le had to be afraid of him.
sound.gif (2534 bytes)


    လေချိုသွေးနေပါလျက်နဲ့ ပြောမရလို့ အတီးခံရတယ်ဆိုတော့ ထင်ကြလိမ့်မယ်။ အတီးခံရသူရဲ့အပြစ် လို့။ အဲအဲ။ အဲ့လိုတော့ မဟုတ်ပါဘူးဗျ။ လေသန်းကတော့ တကယ်တော့ လူရှုပ်တယောက်ပဲ။ အပျော်အပါး များတယ်။ သောက်တတ် စားတတ်တယ်။ အလောင်းအစားလဲ လုပ်တယ်။ ဒါပေမယ့် မလဲ့ကိုတော့ ဘယ်တော့မှ အသိမပေးဘူး။ ဖုံးထားတယ်။ ဖိထားတယ်။ ရိုးတိပ်ရိပ်တိပ် သိုးသိုးသံ့သံ့ ကြားလို့ မေးရင် ချိုချိုသာသာနဲ့ ညာပြောမယ်။ လိမ် ပြောမယ်။ အဲဒါကို မယုံရင် လက်မခံရင် အဲဒါ အတီးခံရပြီသာ မှတ်ပေတော့


    You might think it's her fault for being hit.  Even though Lay Than speaks gently, Ma Lay says things she shouldn't.  Well, no, it's not like that.   The problem was that Lay Than was a bad kind of guy.  He liked to have fun, "ever jolly, never worry."  He liked to drink and drink.  He gambled, too.  But he never let Ma Le know anything.  He kept everything from her.   Sometimes she'd hear a whisper, a faint rumor, but when she'd ask him, he'd lie, bend the truth with his sweet words.  If she didn't believe him, she'd be warned with his hand.
sound.gif (2534 bytes)


    အဲဒီတော့ မလဲ့က ဘာမှ မမေးရဲတော့ဘူး။ အဲဒီတော့လည်း လေသန်းက သူ့ဟာသူ အုံပွင့်တတ်တယ်။ မလဲ့က မမေးပေမယ့် မဟုတ်တာတွေကို လိမ်ပြောတတ်တယ်။ သူ့လည်း မမေးဘဲနဲ့ ဇွတ် ရှင်းပြ ဇွတ်သက်သေပြနဲ့ လုပ်တတ်တယ်။ အဲဒီအချိန်မှာ မလဲ့ အခံရ အခက်ဆုံးပဲ။ သူလည်း မမေးဘဲနဲ့ ဇွတ်ပြောနေတာကို နားထောင်နေရတယ်။ ပြီးတော့ ပြောသမျှတွေကို  လက်ခံယုံကြည် ပေးရသေးတယ်။ ဒီအတိုင်း ထုံပေပေခံနေလို့ မရဘူး။ ထုံပေပေခံနေရင် လေချိုသွေး နေရာကနေပြီး ရုတ်တရက် လေနီကြမ်းတိုက်လာမယ်။ လက်ပါလာမယ်။ နာဖို့သာ ပြင်ပေတော့။


    Ma Le didn't dare ask anything anymore at that point.  At the same time, Lay Than, in his own way, had a guilty conscience.  He would lie even without Ma Le's questions.  He'd make her listen to his explanations and talk about producing witnesses.  That was when it was hardest for Ma Le to take.  She understood he'd make her listen without her asking questions.  And then she'd have to accept and believe whatever he said.  She couldn't act like she didn't  care.   If she acted like she didn't care, he'd suddenly change from a gentle breeze to a wind storm.  Slaps would be involved, she'd have to get ready to be hurt.
sound.gif (2534 bytes)


    အိမ်မှာငွေကျပ်တယ်လို့ ပြောပြီး မလဲ့အိမ်က ပါလာတဲ့ လက်ဝတ် လက်စားတွေကို ထုခွဲပြီး သုံးပစ်တယ်။ အိမ်မှာ ဘာလို့ ငွေကျပ်ရတာလဲလို့ သွားမမေးနဲ့။ သူ ဖြေလိုက်ပါလိမ့်မယ်။ လေချိုလေအေးလေးနဲ့။ ဘယ်ဟာက ဘယ်လို။ ဘယ်တုန်းက ဘယ့်နှယ်။ ဘာညာ ပေါ့။ ဘာတစ်ခုမှ မဟုတ်ဘူး။ ယောင်လို့များ စာရင်းများ သွားမစစ်လိုက်နဲ့။ အဲဒါ ရုတ်တရက်ပေါက်ကွဲပြီသာ မှတ်ပေတော့။


    Saying money was tight at home, he'd sell part of the jewelry Ma Le had brought into the marriage for money and use it.  She shouldn't even think about asking why money was tight at home.  He'd probably respond coolly and calmly about and how, when and how much.  None of that was true.  Don't check the expenses or something even accidently.  If she did, there'd be an explosion.
sound.gif (2534 bytes)


    တကယ်တော့ သူပွေထားတာတွေကို ဖို့ရဖြည့်ရတာတွေပဲ။ စဉ်းစားကြည့်လိုက်ရင် ရှင်းနေပေမယ့် အဲလိုသွားပြောနေလို့ မရဘူး။ သူ ပြေပြေလည်လည် ညင်ညင်သာသာ ပြောနေတာကိုပဲ လက်ခံလိုက်ပေတော့။ ယုံလိုက်ပေတော့။


   In fact she had to fill in the blanks left by his carousing.  If she thought about it, it was obvious, but she couldn't say what she thought.  She had to be ready to accept the smooth and polite things he said.  She had to be ready to believe him.
sound.gif (2534 bytes)


    တစ်ခါကတော့ မလဲ့လက်ကောက်တစ်ရံကို သူတိတ်တဆိတ် ယူသွားတယ်။ မလဲ့က မျက်စိနဲ့ တပ်အပ်မြင်လိုက်တာပါပဲ။ ဒါပေမယ့် မပြောရဲလို့ မပြောပါဘူး။ အဲဒီလက်ကောက်တစ်ရံကို လေသန်း ရောင်းပြီး ဖဲရိုက်ပစ်လိုက်တာ ကုန်ပါရောလား။ မလဲ့ကတော့ သူဖဲရှုံးတာကို သိတာ မဟုတ်ပါဘူး။ သူ့လက်ကောက်တစ်ရံ ဆုံးသွားတာပဲ သိတာပါ။


    One time Lay Than secretly took a pair of bracelets.  Ma Le definitely saw it with her own eyes.  But since she was scared to say anything so she was quiet.  Lay Than sold them, played cards with the money and lost all of that.   Ma Le didn't know he lost them playing cards.  She just knew a pair of bracelets was gone.
sound.gif (2534 bytes)


    တစ်နေ့ကျတော့ အဲဒီလက်ကောက်တစ်ရံ ဘယ်မှာလဲလို့ ခပ်တည်တည်နဲ့ လေသန်းက မေးလာတယ်။ မလဲ့က သူမြင်တဲ့အတိုင်း သူသိတဲ့အတိုင်း မဖြေရဲရှာပါဘူး။ ပျောက်နေတယ်၊ ဒုက္ခပါပဲ စသည်ဖြင့်ပေါ့။ အဲဒီမှာ မလဲ့အပြစ် ဖြစ်တော့တာပဲ။ ဘာကြောင့် ပျောက်ရသလဲ၊ ကိုယ့်ပစ္စည်းကိုယ် မသိမ်းဘူးလား၊ ဘာလား ညာလားနဲ့ ပြောတော့တာပဲ။ ဒါပေမယ့် လေပြေကလေးနဲ့ပဲ။ မလဲ့ ဘာမှ ပြန်မပြောဘဲ မျက်နှာလွှဲနေရတယ်။ လေပြေလေအေးနဲ့ ပြစ်တင် ဆုံးမလို့ အားရတော့မှ ရှေးကုသိုလ်ကံ မကောင်းခဲ့လို့ ပျောက်ရတဲ့အကြောင်း၊ ဘာညာဘာညာပေါ့။ သံဝေဂတရား ဟောတော့တာပဲ။ ပျောက်သွားလဲ ဘယ်တတ်နိုင်ပါ့မလဲ ပေါ့။ တရားရှိဖို့လိုကြောင်း၊ မေ့မေ့ပျောက်ပျောက် နေနိုင်အောင် ကြိုးစားဖို့၊ သူကလဲ စိတ်ကိုထိန်းချုပ်ပြီး ခွင့်လွှတ်မှာ ဖြစ်တဲ့ အကြောင်း လေပြေလေးနဲ့ ပြောပြန်တယ်။


    One day Lay Than started asking in all seriousness where that pair of bracelets was.  She couldn't possibly tell him just what she saw, just what she knew.  She had to say, "They're lost," or something like that.  So then it was Ma Le's fault.  He'd ask, How'd they get lost?  Can't you keep track of your things?  Why this why that?  But always with gentle and quiet words.   Ma Le couldn't respond at all and had to look the other way.  He would gently admonish her, and when he was satisfied, he'd start in on how her karma from a previous life wasn't good, so she'd lost them, or something of the sort.  He'd give a discourse on the nature of existence.  What can be done when things are lost?  He'd talk about how she should be devout, how he'd control his anger and forgive her.
sound.gif (2534 bytes)


    မလဲ့မျက်လုံးထဲက မျက်ရည်တွေ လိမ့်ဆင်းလာတယ်။ အဲဒီကျတော့လဲ လေသန်းကတော့ ခပ်တည်တည်ပဲ။ ဝမ်းမနည်းဖို့၊ မငိုဖို့၊ လူဆိုတာ ကိုယ့်အပြစ်ကို ကိုယ်သိသွားဖို့သာ အရေးကြီးကြောင်း၊ တစ်ခါမှားတာကို သင်ခန်းစာ ယူတတ်ဖို့လိုကြောင်း၊ သူ့အနေနဲ့ကတော့ မလဲ့ရဲ့ပေါ့ဆမှုကို ခွင့်လွှတ်ပါကြောင်းပေါ့လေ။ အဲလို ပြောလေ မလဲ့က ငိုလေပဲ။ ခက်လိုက်တာ။ မြင်တဲ့အတိုင်း သိတဲ့အတိုင်း ပြောလိုက်လို့ကလဲ မဖြစ်။ ဖြစ်နိုင်ရင် မလဲ့ မငိုဘဲ နေချင်ပါတယ်။ ဘာမှ မဖြစ်သလို နေချင်ပါတယ်။ ဒါမှ ပြဿနာ မရှာနိုင်မှာလေ။ ဒါပေမယ့် မလဲ့ အဲဒီလောက်ထိတော့ မထိန်းနိုင်ပါဘူး။ မငိုဘဲတော့လဲ မနေနိုင်ပါဘူး။ သူ့အလိုလို မျက်ရည်တွေ ပေါက်ပေါက်ပေါက်ပေါက် ကျလာတော့ ဘယ်တတ်နိုင်ပါ့မလဲ။


    The tears would start falling from her eyes.  Lay Than was not moved.  He'd go on telling her not to be sad, not to cry, and about the importance of people knowing their errors, about how we should learn from our mistakes, and about how he forgave her for her carelessness.  The more he talked like that, the more she cried.  It was impossible.  She couldn't tell him what she saw or what she knew.   Ma Le didn't want to be crying, if it were possible.  She wanted to be as though nothing had happened.  Only then he couldn't find any problem with her.   But Ma Le couldn't control herself that well.  She couldn't help crying.  What could she do with her tears falling of their own accord, drop drop, drop drop?
sound.gif (2534 bytes)


    အဲဒီမှာ လေသံက တမျိုး ဖြစ်လာတော်မူပြန်တယ်။ ဘာဖြစ်လို့ ဒီလောက်တောင် ငိုနေရတာလဲ တဲ့။ အထပ်ထပ် မေးလာတယ်။ မလဲ့ ကလည်း ဖြေလို့မဖြစ်။ အငိုကလည်း တိတ်မရ။


    Lay Than sounded differently at times like that.  He'd ask her,"Why on earth are you crying so much?"  He would ask her that again and again.  But Ma Le wouldn't be able to answer, the crying couldn't stop.
sound.gif (2534 bytes)


    ဒီတော့ လေသန်းက မျက်မှောင်ကုတ်ပြီး စဉ်းစားတယ်။ မလဲ့ကို အကဲခတ်တယ်။ ပြီးတော့မှ "ဘာလဲ၊ မင်းက မင်းပစ္စည်းကို ငါယူတယ်လို့ ထင်နေတာပေါ့လေ။ ဟုတ်လား" တဲ့။ လေသန်းရဲ့လေ နည်းနည်း ပြင်းလာပြီ။ မလဲ့ ဘာမှ မပြောရဲ။


    Then Lay Than frowned and and thought.  He sized up Ma Le, then said,"What's the matter? You're thinking I took your things, right?"  Lay Than got a little more forceful.  Ma Le didn't dare say anything.
sound.gif (2534 bytes)


    "ထင်တာ မဟုတ်ဘူးတော်ရေ့ မြင်တာ မြင်တာ" လို့ တအား အော်ပစ်လိုက်ချင်တာ။ ဒါပေမယ့် မျက်ရည်တွေသာ ပိုကျလာတယ်။ ဘာမှ ပြောရဲတာ မဟုတ်ပါဘူး။


    She wanted to scream, "I'm not just 'thinking', I saw you!" at the top of her voice.  But instead even more tears kept falling.   She didn't dare say anything.
sound.gif (2534 bytes)


    "နေစမ်းပါဦး၊ မင်းက ငါ့ကိုယူတယ်လို့ ထင်ရအောင် ငါ့ကို ဘယ်လိုကောငများ အောက်မေ့နေလို့လဲ"


    "Just one second.  What kind of guy do you think I am that I'd take it from you?"
sound.gif (2534 bytes)


    မလဲ့ ဘယ်လိုပြောရမလဲ။ အရိုက်ခံရပေါင်းလည်း များလှပြီ။ ကြောက်တယ်။ သိပ်ကြောက်ပါတယ်။ မကြောက်ရလို့ကတော့ သူဟာ ဘယ်လိုလူစား ဖြစ်တယ်ဆိုတာ၊ ဘယ်လို ထင်တယ် မြင်တယ် ဆိုတာ ပြောချပစ်လိုက်မှာပေါ့။ ခုတော့ မလဲ့မှာ ဘာဆို ဘာမှ ပြန်မပြောနိုင်ပါဘူး။ တတ်နိုင်သမျှလည်း ဆက်ပြီး မငိုမိအောင် ကြိုးစားနေပါတယ်။ ဒါပေမယ့် ငိုချင်လွန်းလို့ ငိုမိမှတော့ ရပ်ဖို့က တော်တော် မလွယ်တဲ့ကိစ္စပဲ။


    What Ma Le was supposed to say?  The number of times she'd been hit were adding up.  She was scared, really scared.  If she weren't frightened, she'd just go ahead and say what she saw, what kind of man she thought he was, and what she thought.  But now Ma Le couldn't say a thing.  She was trying as hard as she could not to cry.  But she had been crying so much that it was too hard to stop.
sound.gif (2534 bytes)


    "ဒီမယ်၊ မင်းငါယူတယ်လို့ ပြောရအောင် ဘယ်မှာလဲ သက်သေ၊ ငါယူတာကို ဘယ်သူမြင်လို့လဲ ပြော"


     "Look.  Who do you have as a witness to say I took them?   Tell me who saw me take them."
sound.gif (2534 bytes)


    "ကျွန်မ ကျွန်မ ရှင်ယူတယ်လို့ မပြောပါဘူး"


    "I....I didn't say you took them."
sound.gif (2534 bytes)


    "ဘာ မင်းပဲ ခုနတုန်းက မင်းလက်ကောက်တွေ ငါယူတယ် လို့ ပြောနေတာ မဟုတ်လား"


    "What?  Weren't you just saying I took your bracelets a minute ago?"
sound.gif (2534 bytes)


    မလဲ့လန့်သွားတယ်။ အငိုလည်း ရပ်သွားတယ်။ လေသန်းမျက်နှာကို ဖျတ်ခနဲ ကြည့်မိတယ်။


     Ma Le was startled now.  She even stopped crying.  She snatched a glimpse at Lay Than's face.
sound.gif (2534 bytes)


    "အဲလို မရဘူးကွ၊ လူတစ်ယောက်ကို စွပ်စွဲတယ်ဆိုတာ သက်သေ ရှိရတယ်။ မင်း အဲဒီလို ရမ်းလို့ ဘယ်ဖြစ်မလဲ"


     "This is ridiculous.  You have to have a witness if you're going to accuse somebody of something.  You shouldn't be thoughtless like this."
sound.gif (2534 bytes)


    "မဟုတ်ဘူး။ ကျွန်မ ရှင့်ကို ဘာမှ မစွပ်စွဲပါဘူး။ ရှင့်ဟာရှင် ထင်လို့ နေမှာပါ"


    "No!  I'm not accusing you of anything.  You're the one who's thinking that."
sound.gif (2534 bytes)


    လေသန်း မျက်နှာပျက်သွားတယ်။ ဖျတ်ခနဲ တွေပြီး စဉ်းစားတယ်။


    Lay Than lost his cool.  He suddenly thought of something.
sound.gif (2534 bytes)


    "မင်းက ငါ့ကို စွပ်စွဲတယ်လို့ ငါ မင်းကို ပြောမိသလား"


   "Did I tell you that you were accusing me?"
sound.gif (2534 bytes)


    "ရှင"

    မလဲ့က လေသန်းမျက်လုံးတွေကို ကြည့်မိတယ်။


    "What?"

    Ma Le looked Lay Than's in the eyes.

sound.gif (2534 bytes)


    "မင်း ငါ့ကို မယုံမကြည် ဖြစ်နေတာ ကြာပြီ။ ငါမသိဘူး မှတ်နေလို့ လား"

    မလဲ့ ခေါင်းငုံ့ နေလိုက်တယ်။ ဒီတစ်ခါတော့ လေသန်း ပြောတာ မှန်တယ်။


   "You haven't been trusting me for a long time.  Do you think I don't know that?" 

    Ma Le bowed her head.  This once what he was saying was right. 

sound.gif (2534 bytes)


    "ဘာလဲကွ အဓိပ္ပါယ်မရှိတာ။ မင့်လက်ကောက်တွေကို ငါယူပြီး ဖဲရိုက်တယ်လို့ မင်းထင်နေတယ် မဟုတ်လား"


    "What's the matter?  This is bullshit.  You think I took your bracelets to play cards with, right?"
sound.gif (2534 bytes)


    "ကျွန်မ ကျွန်မ ဘာကိုမှ မထင်ပါဘူး။ ပြောလဲ မပြောရဲ ပါဘူး။ ကျွန်မ သိတာ ကျွန်မလက်ကောက် ပျောက်သွားတယ်။ ဆုံးသွားပြီ။ ဒါပါပဲ"


    "I ... I didn't think anything like that.  I wouldn't say something like that.  All I know is that my bracelets are lost, nothing more.  That's all."
sound.gif (2534 bytes)


    "အေး မြဲမြဲမှတ်ထား။ မင့်ပစ္စ်းတွေကို ငါမယူဘူး။ ငါ လုံးဝ မယူဘူး"

    မလဲ့က မော့ကြည့်မိသွားတယ်။

    "ဘာ မော့ကြည့်တာလဲ။ မင်းပစ္စ်းတွေကို ငါမယူဘူးလို့ ပြောနေတာ မကြားဘူးလား။ မင်း နားကန်းနေသလား"


"Yeah, well, remember this:  I don't take your stuff.   I didn't take anything." 

    Ma Le raised her head and looked at him.

    "What are you looking at?  Didn't you hear me saying that I don't take your things?  Are you deaf?"

sound.gif (2534 bytes)


    "ကျွန်မ ကျွန်မ ကြားပါတယ်"

    "ဟာ ဒီသောက်ကမြင်းမ၊ ကြားရင် ကြားတယ်လို့ အစတည်းက ပြောပါလား။ လောကကြီးက ခက်တယ်ကွာ။ ဘယ်လိုဟာတွေနဲ့ လာတွေ့နေတာလဲ မပြောတတ်ဘူး။ ထုံတုံတုံ အတတနဲ့"


    "I ... I can hear you."

    "You stupid bitch.  Why didn't you tell me if you were listening from the start?  The world's a touch place.  I don't know what the hell kind of people I'm dealing with.  Stupid and crazy people."

sound.gif (2534 bytes)


    အဲဒီအချိန်မှာ အိမ်ရှေ့တံခါးခေါက်သံ ကြားရတယ်။ ဒါဟာလဲ မလဲ့ အတွက် ထွက်ပေါက်တစ်ခုပဲ။ ဘယ်သူလဲ၊ ဘာကိစ္စလဲ၊ သွားမေးရတော့မှာပေါ့။


    Then they heard someone knocking on the front door.  This could be a way out for Ma Le to escape.  She had to go and see who it was and what they wanted.
sound.gif (2534 bytes)


    "ဒါက ဘယ်လဲ။ ဘာလုပ်တာလဲ"

    "ဟို ဟို၊ အိမ်ရှေ့တံခါးခေါက်သံ ကြားလို့ပါ"


    "Hey!  What are you doing?"

    "I heard someone knocking at the door."

sound.gif (2534 bytes)


    "လုပ်မနေနဲ့။ ငါ့မှာလဲ နားပါတယ်။ ဘာသံမှ မကြားဘူး။ အဲဒါတွေ ငါမကြိုက်တာပဲ။ ဒီမှာ ငါကဖြင့် အာပေါက် အောင် ပြောနေရတယ်။ ဒါတွေက အလည်လုပပြီး လစ်ထွက်သွားဖို့ ကြံတာပေါ့လေ။ ဟုတ်လား"


"Don't tell me that.  I have ears too.  I didn't hear anything.  I don't like it when you do stuff like that.  I've been telling you the same thing tirelessly.  You are planning to slip away and outsmart me, right?"
sound.gif (2534 bytes)


    အဲဒီအချိန်မှာ တံခါးခေါက်သံက ပိုကျယ်လာတယ်။ မလဲ့ကတော့ ခေါင်းမထောင်ဘဲ ပေကပ်နေလိုက်တယ်။ တံခါးခေါက်သံကလဲ ပိုကျယ် လာတယ်။ မလဲ့က ခေါင်းကို တွင်တွင်ငုံ့ထားလိုက်ပြီး ငြိမ်နေလိုက်တယ်။


    Then the sound of knocking came again, even louder.  Ma Le kept still with her head down.  The sound of knocking got louder.  Ma Le continued to keep still with her head down.
sound.gif (2534 bytes)


    "ဟေ့ မင်းဘာဖြစ်နေတာလဲ။ အိမ်ရှေ့က ဒါလောက်တောင် တံခါး ခေါက်နေတာ မင်းမကြားဘူးလား။ ဘာလဲ၊ မင်းက ငါ့ကို အရွဲ့တိုက် တာပေါ့လေ၊ ဟုတ်လား"


    "Hey, what's wrong with you?  Can't you hear someone knocking at the door like that?  Are you trying to show your resentment to me?"
sound.gif (2534 bytes)


    "လာပြီ၊ လာပြီ"

    မလဲ့ ကပျာကယာထပြီး အိမ်ရှေ့ကို ပြေးထွက်သွားတယ်။ ကပ်လျက်အိမ်က ဒေါ်ကြီးတင်ပါ။ ကောက်ညှင်းကျည်တောက် လာ ပေးတာ။ သူ့ယောက်က်ျားကြီး မန္တလေးက ပြန်လာလို့ ပါလာတာတဲ့။ ဘာပဲပြောပြော ကိုသန်းရဲ့ လေနီကြမ်းနဲ့ ပြင်းထန်တော့မယ့် ပေါက်ကွဲမှု အန္တရာယ်ကြီးက အရှိန်ပျက်သွားတော့ တော်သေးတာပေါ့။။


   "I'm coming."

    Ma Le jumped up and ran to the front of the house.  It was Daw-gyi Tin, her close neighbor.  She had come to bring some sticky rice cooked in a bamboo tube.  She said her husband brought the stuff when he  came back from Mandalay.  Anyway, it is good for Ma Le because the danger of Ko Than's storm crashing out lost momentum.

sound.gif (2534 bytes)


    မီးဖိုချောင်ထဲကို ကောက်ညှင်းကျည်တောက် သွားထားနေတုန်း အရက်ဖြူရောင်းတဲ့ ဆိုင်မန်နေဂျာ ကိုတင်ထွန်းက ကိုသန်းကို လာခေါ်သွားတယ်။ ဧကန္တ ဝိုင်းရှိပြီ။ သေချာတာပေါ့။


   While she was in the kitchen putting away the sticky rice, the manager of a store selling "white liquor," Ko Tin Tun, came to call on Ko Than.   It seemed like a group had gotten together.  That was without a doubt.
sound.gif (2534 bytes)


    ကိုသန်းက ငွေမရှိတဲ့အကြောင်း ပြောတော့ ကျုပ်မှာ ပါပါတယ် တဲ့။ မလဲ့ အိမ်ရှေ့ရောက်တော့ ကိုသန်း ကိုတင်ထွန်းနဲ့ ပါသွားပြီ။


    When Ko Than said he didn't have any money, Ko Tin Tun said he had some with him.  When she got to the front room, Ko Than had already gone out with Ko Tin Tun.
sound.gif (2534 bytes)


    အမယ်လေး လေး။ တော်ပါသေးရဲ့။ ကဲ အိမ်တံခါး ပိတ်ခဲ့ပြီး ဒေါ်မှုန်တို့အိမ် သွားဦးမှ။ ဒေါ်မှုန်အိမ်က အပ်ချုပ်စက်တွေ ထောင်ထားတာလေ။ အဲဒီမှာ မလဲ့ အင်္ကျီကြယ်သီးတပ်တဲ့ အလုပ်လုပ်ရင်း အပိုဝင်ငွေလေးရအောင် ရှာရတယ်။ ဒါတောင် ကိုသန်း မသိအောင် လုပ်ရတာ။ သိသွားရင် သူလည်း လောက်အောင် ရှာဖွေပေးနိုင်တာ မဟုတ်ဘဲ စကားကြီးစကားကျယ်တွေ ပြောပြီး ရန်ရှာဦးမှာ။


    Oh my gosh.   She closed the gate and went to  Daw Hmoun's house.  Daw Hmoun had set up some sewing machines there.   Ma Le tried to work for a little extra money by sewing buttons onto shirts.   She had to do it the way so that  Ko Than wouldn't know about.  If he knew, he would provoke her using the big words although he couldn't earn enough to support the family.
sound.gif (2534 bytes)


    ဒေါ်မှုန်တို့အိမ်က မလဲ့ ပြန်လာတော့ ညနေသုံးနာရီလောက် ရှိမှာပေါ့။ အိမ်ရှေ့ မရောက်ခင် လှမ်းကြည့်လိုက်တယ် ဆိုကတည်းက မလဲ့ ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားတယ်။ အိမ်တံခါးက သော့ပွင့်နေပြီးသား ဖြစ်နေပြီ။ တံခါးပွင့်နေတာ သိပ်မဆန်းပါဘူး။ ကိုသန်းမှာလည်း သော့အပို တစ်ချောင်း ရှိတယ်လေ။ ဒီအချိန်ကြီးမှာ ကိုသန်း ပြန်ရောက်နေတာ ဆန်းတယ်။


  It was around 3 in the afternoon when Ma Le returned from her Daw Hmoun's house.  Since before she got to her door, she had felt an alarm in her chest.   The lock on the front gate was open.  The gate being open wasn't all that strange.  Ko Than also had a key.  But Ko Than being home at this hour was strange. 
sound.gif (2534 bytes)


    မလဲ့ အိမ်ပေါ်ကို ခြေသံလုံအောင် ထိန်းပြီး တက်ခဲ့တယ်။ ဧည့်ခန်းထဲမှာ သူ မရှိဘူး။ အိပ်ခန်းထဲမှာ နေမှာပေါ့။ မလဲ့ဧည့်ခန်းနဲ့ ကပ် နေတဲ့ အိပ်ခန်း နံရံအပေါက်ကလေးကတဆင့် အတွင်းကို ချောင်းကြည့်မိတယ်။


    Ma Le went into the house trying to muffle the sound of her footsteps.   He wasn't in the front room.  He had to be in the bedroom.  Ma Le peeked through a little hole in the wall of the front room into the bedroom.
sound.gif (2534 bytes)


    လား လား။ အိပ်ရာပေါ်မှာ ကိုသန်း တင်ပါးလွှဲထိုင်ရင်း ငွေစက္ကူတွေကို ရေတွက်နေတယ်။ အင်း ဒီနေ့တော့ နိုင်လာပြီနဲ့ တူတယ်။ ငွေတွေရေတွက်လို့ မပြီးခင်မှာပဲ သူ့ဂျာကင်အင်္ကျီ အတွင်းအိတ်ထဲက တစုံတရာကို ထုတ်လိုက်တယ်။ ဘာပါလိမ့်။ စက္ကူနဲ့ ထုပ်ထားတာကို ဖြည်လိုက်တော့ မလဲ့ အံသြသွားတယ်။ သူ့လက်ကောက်တွေပဲ။ အင်း ဟုတ်ပြီ။ ဖဲနိုင်လို့ သူ့လက်ကောက်တွေ ပြန်ရွေးလာတယ်နဲ့ တူတယ်။ နေဦး နေဦး။ သူ ဘာလုပ်မလို့လဲ။


    There he was.  He was sitting at an angle on the bed counting out bills of money.  It looked like he'd won for a change.  Before he was finished counting out the money, he took out a little packet from the pocket on his jacket.  What could it be!  When he pulled away the paper wrapping it she was completely surprised.  It was her bracelets!  It looked like he redeemed them since he won.  Wait a minute, what was he doing now?
sound.gif (2534 bytes)


    ကိုသန်းက အခန်းဝန်းကျင်ကို မျက်လုံး တစ်ချက် စွေကြည့် လိုက်ပြီးတော့မှ မွေ့ရာ ခြေရင်းပိုင်းကိုမပြီး လက်ကောက်တွေကို ထိုး ထည့် လိုက်တယ်။ နောက်ပြီးတော့မှ စောစောကပိုက်ဆံတွေကို ဂျာကင်အင်္ကျီ အတွင်းအိတ်ထဲ ပြန်ထည့်တယ်။ ပြီးတော့ ဗီရိုဖွင့်ပြီး လုံချည်လဲတယ်။ ဒါဆိုသိပြီ၊ အပြင် ပြန်ထွက်ဦးမှာပဲ။


    Ko Than squinted his eye and searched the room, then lifted the foot of the mattress and stuck in the bracelets.  Then he put the money from a minute ago back into the inner pocket of his jacket.  Then he opened the bureau and changed his longyi.   She knew.  He was going to go back out.
sound.gif (2534 bytes)


    မလဲ့ ရုတ်တရက် ခြေဖေါ့ပြီး အိမ်ပေါ်က ပြန်ဆင်းလာခဲ့တယ်။ လမ်းဖြတ်ကူးပြီး ဘကြီးခိုင်တို့အိမ်ထဲ ဝင်ခဲ့တယ်။ ဘကြီးခိုင်ရဲ့ တူမဆီ ဝတ္ထုလာငှားတဲ့သဘောနဲ့ တဘက်အိမ်ကို လှမ်းပြီး ကြည့်ရတယ်။


    Ma Le quickly went out of the house with light steps. She crossed the street and went into Ba-gyi Khine's house.  Pretending she wanted to borrow a novel from his niece, she watched her house across the street.
sound.gif (2534 bytes)


    ကိုသန်း အိမ်ထဲကထွက်လာပြီး အိမ်တံခါးကို သေသေချာချာ ပြန်သော့ခတ်တယ်။ ပြီးတော့ ထွက်သွားတယ်။


    Ko Than came out of the house and locked the door carefully.   Then he went away.
sound.gif (2534 bytes)


    စိတ်ချရလောက်ပြီဆိုမှ မလဲ့ ကိုယ့်အိမ်ကိုယ် ပြန်ခဲ့တယ်။ သော့ ပြန်ဖွင့်ပြီး အိမ်ထဲဝင်၊ အိပ်ခန်းထဲသွား၊ မွေ့ရာအောက်ကို လှန်ကြည့် လိုက်တော့ သူ့လက်ကောက်တစ်ရံ တွေ့ရတယ်။ ဝမ်းသာလိုက်တာ။ လက်ကောက် ကလေးတွေ ပြန်ရပြီ။ မဖြစ်ဘူး။ မဖြစ်ဘူး။ ဒီတစ်ခါတော့ သေသေချာချာ သိမ်းမှ။


    When she was certain it was safe Ma Le went back to her house.   She opened up the door again and went in.  She went to the bedroom.  She lifted up the bedroll and saw her pair of bracelets.  She thought, I'm so happy, I got my bracelets back.  I should never have let this happen.  I'm going to keep them very safely this time.
sound.gif (2534 bytes)


    ဟင် မဖြစ်သေးပါဘူး။ ကိုသန်း ပြန်လာလို့ သူထားခဲ့တဲ့နေရာမှာ လက်ကောက်တွေ မရှိဘူး ဆိုရင် မေးလား မြန်းလားနဲ့ ဒုက္ခရောက်နိုင်တယ်။ သူ့အတိုင်း ပြန်ထားလိုက်တာပဲ ကောင်းတယ်။ ဘာပဲဖြစ်ဖြစ် မလဲ့ တော်တော် စိတ်ချမ်းသာသွားတယ်။


    Wait, it's not a good idea yet.  If the bracelets aren't in the place he put them when he gets back, there's going to be trouble and a lot of questions.   I should put them back where they were.  Yet Ma Le was considerably cheerier.
sound.gif (2534 bytes)


    မလဲ့အဖို့ ဘာတွေ ဆက်ဖြစ်မှာလဲလို့ စောင့်ကြည့်ရတော့မှာပဲ။ ကိုသန်း ဘာလုပ်မှာလဲ။ ဘာပြောမှာလဲ။ ဘာအကြံအစည်နဲ့လဲ။ မလဲ့ သိချင်လိုက်တာ။


    Ma Le was waiting for what was going to happen next.  What would Ko Than do?  What would he say?  What would he be plotting?  Ma Le wanted to know.
sound.gif (2534 bytes)


    ဘာလိုလိုနဲ့ သုံးလေးရက် ကြာသွားတယ်။ ကိုသန်းက ဘာမှ မပြောဘူး။ မလဲ့ကိုတော့ ပိုက်ဆံနည်းနည်း လာပေးတယ်။ ရုံးက ဘိုးနပ်စ် ရတာတဲ့။ ရယ်စရာကြီး။ မလဲ့ကတော့ ရယ်ရဲဖို့ နေနေသာသာ။ ရယ်စရာကြီးလို့တောင် တွေးရဲရှာတာ မဟုတ်ပါဘူး။


    Somehow three or four days passed.  Ko Than hadn't said anything.  He had given Ma Le some money.  He said he'd gotten a bonus from the office.  That was ridiculous.  Ma Le didn't dare think it was a ridiculous story, much less laugh.
sound.gif (2534 bytes)


    မှတ်မှတ်ရရ ငါးရက်မြောက်တဲ့နေ့မှာ။


    But on the fifth day-
sound.gif (2534 bytes)


    "မင်းလက်ကောက်တွေ ပျောက်သွား တယ်ဆိုတာကို ငါ သေသေချာချာ စဉ်းစား ကြည့်တယ်။ တကယ်တမ်းကျတော့ အဓိပ္ပါယ် မရှိဘူးကွ"


    "I've been thinking carefully about you losing your bracelets.   There's no way you could have actually lost them."
sound.gif (2534 bytes)


    စလာပြီ။ မလဲ့က ဘာမှ မပြောဘဲ ပန်းကန်တွေ ဆေးပြီး ခြောက်အောင် အဝတ်နဲ့ တိုက်နေတာကို ဆက်လုပ်နေတယ်။


   It had started.  Ma Le didn't say anything and kept washing the dishes and drying them off.
sound.gif (2534 bytes)


    "မင်း သေသေချာချာ စဉ်းစားကြည့်။ မင်းထုတ်ဝတ်လို့ တစ်နေရာမှာ ကျကျန်ခဲ့တယ် လို့ ပြောရအောင်ကလဲ မင်းက ဘယ်မှ မသွား။ ဝတ်လဲမဝတ်။ နောက်ပြီး ဒီအိမ်မှာ သူခိုးဝင်ခိုးသွားတာလို့ ပြောရအောင်ကလဲ ခိုးမယ့်ခိုးရင် ဒီ့ပြင်ပစ္စ်းတွေပါ ယူသွားမှာပေါ့။ မဟုတ်ဘူးလား"


   "Think about it a minute.  It's impossible to say that you took them off and dropped them someplace because you haven't gone anywhere and you haven't worn them.  It can't be that a thief got into the house and stole them, because he would've stolen some other things, too.  Right?"
sound.gif (2534 bytes)


    မလဲ့ ပန်းကန်တွေကို နောက်တစ်ခါ ထပ်ပြီး အခြောက်သုတ် နေလိုက်တယ်။


    Ma Le dried the dishes again until they were dry.
sound.gif (2534 bytes)


    "အဲဒီတော့ သေချာပေါက်က အထားမှားတာပဲ ဖြစ်ရမယ်။ ဟုတ်တယ် မဟုတ်လား"


    "So it has to be that you misplaced them, don't you see?"
sound.gif (2534 bytes)


    မလဲ့ကို တည်တည်ကြီး မေးနေပြီ။ မလဲ့ ဖြေမှ ဖြစ်တော့မယ်။


    He was asking her seriously.  Ma Le had to say something.
sound.gif (2534 bytes)


    "ကျွန်မလဲ ရှာတာပဲ။ တစ်အိမ်လုံး နှံ့နေပြီ။ ရှာလို့မှ မတွေ့တော့တာ"


   "I looked all over.  I've been all over the house.  I didn't find anywhere."
sound.gif (2534 bytes)


    "မဖြစ်နိုင်ဘူးကွ။ တစ်အိမ်လုံး နှံ့တယ်ဆိုတာ မဖြစ်နိုင်ဘူး။ မင်းမကြည့်မိတဲ့ နေရာတွေ ကျန်နေတာ ဖြစ်ရမယ်။ ဥပမာကွာ မွေ့ရာအောက်တို့ ဘာတို့ကော"


    "That's impossible.  You couldn't have looked through the entire house.  There have to be someplace you missed.  Like under the bedroll or something like that."
sound.gif (2534 bytes)


    ကြည့်။ လုပ်ပြီ။ မလဲ့ အသည်းယား လိုက်တာ။ သူလုပ်တာတွေကိုလည်း အလုံးစုံ မြင်ထားတော့ ခံပြင်းစရာ ကောင်းလိုက်တာ။


    Look, he's doing it again.  Ma Le could hardly contain herself.   It was so hard for her to take what he was doing now when she had seen it all.
sound.gif (2534 bytes)


    မလဲ့ အဲဒီခံစားချက်တွေကို သူ့မျက်နှာပေါ်မှာ ပေါ်လာအောင် မပြရဲပါဘူး။ အမှန်အတိုင်းကြီး ပြောချလိုက်လို့ကတော့ မလဲ့ဘဝ ပြာကျ သွားမယ်။ ဒီလေသန်း ဆိုတဲ့လူက ရှက်ရမ်းရမ်းတတ်ပါဘိနဲ့။


    Ma Le didn't dare let her resentment show in her eyes, though.   If she told the real truth her life would be over, she would be burnt to ashes.   Lay Than could really turn wild when embarrassed.
sound.gif (2534 bytes)


    ဒါပေမယ့် မလဲ့မှာ ခံပြင်းတဲ့စိတ်ကလေးကတော့ ဖျောက်ဖို့ ခက်တယ် မဟုတ်လား။ သတိထားနေတဲ့ကြားက  "အဲဒီမွေ့ရာအောက်ကို ရှာပြီးပါပြီ။ မရှိပါဘူး"


    But on the other hand, her resentment didn't just melt away.   Even though she was trying to be careful, she said, "I looked under the bedroll.  They weren't there."
sound.gif (2534 bytes)


    "ဟာ မင်း စေ့စေ့စပ်စပ် မကြည့်လို့ နေမှာပါ။ ဒါမျိုးဆိုတာ စိတ်မော လူမောနဲ့ မျက်စိလျှမ်းတတ်တယ်ကွ။ သေသေချာချာ ပြန်ရှာ ကြည့်စမ်းပါဦး။ အဲဒီပန်းကန်တွေ ထားခဲ့။ ငါလဲ ကူကြည့်ပေးမယ"


    "Oh, you probably didn't look carefully enough.  People's eyes miss things when they're anxious and tired.  Look again more carefully.   Leave the dishes, I'll help you look."
sound.gif (2534 bytes)


    မလဲ့ ဒီထက် အထွန့်မတက်ရဲပါ။ ပန်းကန်တွေကို ထားခဲ့ပြီး အိပ်ခန်းထဲကို ဝင်ခဲ့ရတယ်။ ကိုသန်းကလည်း ထက်ကြပ်မကွာ လိုက်လာတယ်။


    Ma Le couldn't argue anymore than that.  She put left the dishes and went into the bedroom.  Ko Than followed close behind.
sound.gif (2534 bytes)


    မလဲ့က မွေ့ရာခေါင်းရင်းကိုလှန်လှောပြီး ရှာတယ်။ ခြေရင်းမှာ ရှိတယ်ဆိုတာ သိသားပဲ။ သက်သက်လုပ်တာလေ။


    Ma Le lifted up the top of the bedroll and looked around.  She already knew the bracelets were at the bottom of the roll.  She was looking at the top on purpose.
sound.gif (2534 bytes)


    "မင်းကလဲ ခြေရင်းဘက်လဲ ရှာဦးမှပေါ့။ ကဲ မ စမ်း"


    "You're impossible.  You should look at the foot, too.   Try and see."
sound.gif (2534 bytes)


    မလဲ့က ခြေရင်းပိုင်းကို မ လိုက်တယ်။


    Ma Le lifted the foot of the bedroll.
sound.gif (2534 bytes)


    "ကဲ ငါမပြောဘူးလား။ ဒါ မင်းလက်ကောက်တွေ မဟုတ်လို့ ဘာတွေလဲ"


    "Didn't I tell you?  Aren't those your bracelets there?"
sound.gif (2534 bytes)


    တကယ်ဆိုရင် မလဲ့အဖို့ လက်ကောက်တွေ ပြန်တွေ့လို့ တအားဝမ်းသာသွားရမယ် မဟုတ်လား။ ခုတော့ ဘာမှ မထူးခြားပါဘူး။ ဟုတ်တယ်လေ။ မလဲ့က ရုပ်ရှင်မင်းသမီး၊ ပြဇာတ်မင်းသမီးမှ မဟုတ်တာ။ ယုတ္တိရှိရှိနဲ့ အံ့သြဝမ်းသာသွားတဲ့ အမူအရာတွေ ဘာတွေ ဘယ်ကလာ လုပ်တတ်မှာလဲ။ ကိုသန်း ဆိုတာကလည်း ချက်ဆို နားခွက်က မီးတောက်တဲ့ လူလည်။ ဖျတ်ခနဲ ဆို သိလိုက်ပြီ။ ကိုသန်း လေပြေလေအေးလည်း မသွေးနိုင်ဘူး။ လေနီကြမ်းလဲ မသရမ်းနိုင်ဘူး။ ငြိမ်သွားတယ်။ စဉ်းစားရပြီပေါ့။ အစ အဆုံး သူ စဉ်းစားလို့ ရသွားရင် မလဲ့အတွက် ကောင်းမှာလား၊ ဆိုးမှာလား။ ဘယ်သူမှ မပြောနိုင်ပါဘူး။


Shouldn't Ma Le have been ecstatic to get her bracelets back?   But she didn't react at all.  Yeah, Ma Le was neither a movie actress nor a stage performer.  How can she act surprised so believably?  Ko Than was a sharp as a tack, though.  He suddenly knew she knew.  Lay Than couldn't blow like a gentle breeze. He couldn't be a violent storm.  He stayed calm.  He had to start thinking.  Would it be good for Ma Le if he can figure out everything from beginning to end?  No one can foretell.