သင်ခန်းစာ ၆

မင်းရာဇာ၂

          ဒီတော့ ဘုရင်ကြီး ငညိုကို ခေါ် ခိုင်းတယ်၊၊ ငညို့ဇနီးက သွားခေါ် ရတယ်၊၊ ဘုရင့်အမိန့် မို့ ငညို့ဇနီးလဲ ကြောက်နေသတဲ့၊၊

          အဲဒီအချိန်မှာ ငညိုက လယ်ထွန်ပြီး ခဏအနားယူရင်း စာဖတ်နေသတဲ့၊၊

          ဘုရင်ကခေါ်တဲ့အကြောင်း သူ့ဇနီးက ပြောတော့ ငညို ဝမ်းသာ သွား သတဲ့၊၊ သူ့ နွားတွေကို လွှတ်လိုက်တယ်၊၊ "မင်းတို့ သွှားချင်တဲ့နေရာ သွားတော့" လို့လဲပြောသတဲ့၊၊ သူ့ဇနီးက အံ့သြနေတယ်၊၊

          ဘုရင်နဲ့တွေ့တော့ ငညိုက ဒီလို လျှောက်တယ်၊၊

           "အဲဒါ နတ်ကွန်း မဟုတ်ပါဘူး အရှင်ဘုရား၊၊ ရှေးမင်းတပါးရဲ့ မိဘုရားအရုပ်ပါ၊၊ ဒီလို တခြားအရုပ်တခု ကန်ဘောင်ထဲမှာ ရှိပါတယ်၊၊ ဒါပေမဲ့ ရွှေနဲ့လုပ်ထားတဲ့ အရုပ်ပါ၊၊ ရွှေရုပ်မို့ကန်ဘောင်ထဲမှာမြှုပ်ထားပါတယ်၊၊ ဒီနေရာမှာ သေသွားတဲ့ သူ့မိဘုရားကို ချစ်လွန်းလို့ ဒီလို လုပ်ထားတာပါ၊၊ လူတွေက နတ်ကွန်းထင်ပြီး ပူဇော်နေကြပါတယ် ဘုရား"

           ဒါကြောင့် ဘုရင့်အမိန့်အရ ကန်ဘောင်ကို တူးပြီး ကြည့်ကြရတယ်၊၊ ရွှေရုပ်တခု တကယ် တွေ့သတဲ့၊၊ ဘုရင်က ငညိုကို သိပ်သဘောကျတာပေါ့၊၊ "မင်းရာဇာ" ဆိုတဲ့ ဘွဲ့ပေးပြီး အမတ် ခန့်သတဲ့၊၊

          မင်းရာဇာဟာ ထင်ရှားတဲ့ မြန်မာပညာရှိကြီးတဦး ဖြစ်လာတယ်၊၊