သင်ခန်းစာ ၄

မြန်မာ သတင်းစာ

    မြန်မာနိုင်ငံမှာ သတင်းစာထုတခဲ့တာ ကြာပါပြီ၊၊ ၁၈၄၀ ကတည်းကပါ၊၊ မှတ်စမှတ်တမ်းတွေအရ သိနိုင်ပါတယ်၊၊

    အရင်က သတင်းစာအမျိုးမျိုး ရှိပါတယ်၊၊ အခု သတင်းစာ နှစမျိုးပဲ ရှိပါတယ်၊မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာပါ။ မြန်မာ့အလင်းသတင်းစာကို မြန်မာလိုရော အင်္ဂလိပ်လိုရော ထုတ်ပါတယ်၊၊

    ၁၉၇၀က ၁၉၈၉အထိ သတင်းစာတွေ ပါးပါတယ်၊၊ ၁၉၉၀ကစပြီး သတင်းစာတွေ ထူပါတယ်။ မြန်မာသတင်းစာမှာ ဘာသာရေးပညာရေးစီးပွားရေနိုင်ငံရေ သတင်းတွေအားလုံး ပါပါတယ်၊၊ အရေးကြီးတဲ့ သတင်းအားလုံး ဖတ်နိုင်ပါတယ်၊၊ ပြီးတောအယ်ဒီတာ့အာဘောတို့ ဆောင်းပါးတို့လည်း ပါ ပါသေးတယ်၊၊ သတင်းတွေအပြင် ကြော်ငြာတွေလည်း အများကြီးပါပါတယ်။

    လူများများဖတ်နိုငအောင ဈေးတောင မများပါဘူး။